ကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို မင်းသားဟယ်ရီရဲ့ဇနီး မီဂန် မာဂယ် တက်ရောက်

26-5-2022-yyl-39.jpg

ဆူးဆက်စ်မြို့စားကတော် မီဂန်မာကယ်က ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ကျောင်းသား/သူ (၁၉) ဉီးနဲ့ ဆရာမ (၂) ဉီးတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ဂါရဝပြုခဲ့ပါတယ်။ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့ ဘေ့စ်ဘောဉီးထုပ်တို့ကို ဝတ်ဆင်ထားတဲ့ မီဂန်က ကျောင်းအနီးနားက အောက်မေ့ဖွယ်အခမ်းအနားမှာ လက်ဝါးကပ်တိုင်တစ်ခုရှေ့ နှင်းဆီအဖြူရောင်ပန်းစည်းချပြီး ဒူးထောက်ဉီးညွတ်ဂါရဝပြုခဲ့တာကို တွေ့ရပါတယ်။

မီဂန်က ယူဗယ်ဒီမြို့ကို အစိုးရရဲ့ခရီးစဉ်အနေနဲ့မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာခရီးစဉ်အနေနဲ့ လာရောက်ခဲ့တာဖြစ်ပါတယ်။ “သူက မထင်မှတ်ထားတဲ့ ဝမ်းနည်းကြေကွဲမှုကို ကြုံတွေ့နေရတဲ့ လူမှုအသိုင်းအဝိုင်းဆီ လူကိုယ်တိုင် လာရောက်ပြီး ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းပြသဖို့နဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးဖို့ ကိုယ်ရေးကိုယ်တာခရီးစဉ်အနေနဲ့ ဒီကို ရောက်လာခဲ့တာပါ”လို့ မီဂန်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

အသက် ၄၀ အရွယ် မီဂန်က သူ့ခင်ပွန်း မင်းသားဟယ်ရီ၊ ကလေးနှစ်ဉီးဖြစ်တဲ့ အာချီ၊ လီလီဘတ်တို့နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေပါတယ်။ မီဂန်နဲ့ မင်းသားဟယ်ရီတို့က ကမ္ဘာကြီးကို အကျိုးပြုနေတဲ့ Archewell Foundation ကို တည်ထောင်ထားပါတယ်။ မကြာခင် သူတို့မိသားစုက အယ်လီဇဘတ်ဘုရင်မကြီးရဲ့ ပလက်တီနမ်ရတုပွဲအတွက် ဗြိတိန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့ (၂) နှစ်က တော်ဝင်ရာထူးမှ နှုတ်ထွက်ပြီးနောက် ဗြိတိန်နိုင်ငံကို သူတို့အတူတူလာရောက်တဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါလိမ့်မယ်။

Ref: ABCNews “Duchess Meghan visits Texas memorial for deadly school shooting”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top