မူကထစားရင်း ရေမြွှာပေါက်လို့ ဆေးရုံသွားရမယ့် ကိုယ်ဝန်ဆောင်က သူ့စားပွဲကို မသိမ်းနဲ့ဦး၊ ပြန်လာစားဦးမယ်လို့ မှာခဲ့

19.10.23-yyl-15.jpg

မူကထ (ထိုင်းစတိုင် အသားကင်)စားနေရင်း ရေမြွှာပေါက်လို့ ဆေးရုံကို အရေးပေါ် ပို့လိုက်ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က သူစားထားတာတွေကို မသိမ်းနဲ့ဦး၊ ဆေးရုံကပြန်လာရင် ထပ်စားဦးမှာလို့ မှာခဲ့တာကြောင့် ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဒီဆိုင်မှာ ပုံမှန်လာစားနေကျ ဖောက်သည်တစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှာ မီးဖွားမယ်လို့ ဆရာဝန်တွေက ရက်သတ်မှတ်ပေးထားတာပါ။ အချိန်စောပြီး မီးဖွားမယ်လို့ ထင်မထားတဲ့ အမျိုးသမီးဟာ မူကထ လာစားရင်း ဗိုက်နာလာပြီး ရေမြွှာပေါက်သွားခဲ့လို့ ဆိုင်ဝန်ထမ်းတွေက ဆေးရုံကား ခေါ်ပေးခဲ့ရတာပါ။

” ကျွန်မ ဘာမှ သိပ်မစားရသေးဘူးနော်။ စားပွဲကို မသိမ်းနဲ့ဦး။ တကယ်လို့ ဆေးရုံရောက်ပြီးမှ ကလေးမမွေးဖြစ်ရင် ကျွန်မ ပြန်လာစားဦးမှာလို့ သူက မှာသွားတာပါ”လို့ မူကထဆိုင်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဆိုင်ဝန်ထမ်းက ဒီအကြောင်း ပြောပြချိန်မှာ ဆိုင်ပိုင်ရှင် ဘွန်းက နောက် ၉ လလုံးလုံး သူ့ဆိုင်မှာ အခမဲ့ လာစားခွင့်ရှိတယ်လို့ ကတိပေးခဲ့ပြီး ဒီအကြောင်းကို အောက်တိုဘာလ ၁၆ ရက်က ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆိုင်ပိုင်ရှင် ဘွန်းက ဆေးရုံကိုသွားကြည့်ခဲ့ပြီး စားစရာတွေ၊ အကင်ဒယ်အိုးနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လက်ဆောင်သွားပေးခဲ့ပါတယ်။

Ref: No joke: Thai woman goes into labour at mookata restaurant, insists she will return to finish food

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply