အိပ်လိုက် စားလိုက်လုပ်ပေးရုံနဲ့ ပိုက်ဆံရနိုင်မယ့်အလုပ်အကိုင်

Lie-in-Bed-fb-550x330.jpg

‘ဘာကိုမှ မလုပ်ဘဲနေချင်တာ’ ဆိုတဲ့ လူတိုင်းရဲ့စိတ်ကူးယဉ်ခြင်းဟာ အမှန်တကယ်ဖြစ်လာပါပြီ။ အိပ်ရာပေါ်မှာ မထတမ်းလှဲအိပ်ပြီး အိပ်လိုက်စားလိုက်လုပ်ခွင့်ရမယ့်အပြင် ပိုက်ဆံကောင်းကောင်းပါကောင်းကောင်း ပေးဦးမယ်ဆိုရင်တော့ ဘာများငြင်းစရာရှိပါဦးမလဲ။ ဒါကတော့ နာဆာရဲ့အာကာသလေ့လာစူးစမ်းမှုအတွက် သုတေသနအစီအစဉ်တစ်ခုပါပဲ။

ဒါကတော့ နာဆာရဲ့အာကာသလေ့လာစူးစမ်းမှုအတွက် သုတေသနအစီအစဉ်တစ်ခုပါ

နာဆာနဲ့ ဥရောပအာကာသအေဂျင်စီတို့ဟာ ပူးပေါင်းစမ်းသပ်မှုတစ်ခုလုပ်ဖို့ရှိနေပြီး အာကာသယာဉ်မှူးတွေကို အကူအညီပေးနိုင်ဖို့အတွက် ရက် (၉၀) ဆက်တိုက် မလှုပ်မယှက်နဲ့ အိပ်ရာထဲအိပ်စက်ပေးနိုင်မယ့် အမျိုးသား (၁၂) ယောက် နဲ့ အမျိုးသမီး (၁၂) ယောက်ကို လိုအပ်နေတာဖြစ်ပါတယ်။

ဒီလေ့လာမှုဟာ အင်္ဂါဂြိုဟ်ပေါ်အခြေချမယ့် အာကာသယာဉ်မှူးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကျိုးသက်ရောက်မှုတွေအတွက် ရည်ရွယ်ဦးတည်ထားတာပါ

အတတ်နိုင်ဆုံး မလှုပ်မယှက်သာနေရမှာဖြစ်ပြီး လုပ်အားခအနေနဲ့ ဒေါ်လာငွေ (၁၉၀၀၀) ရရှိနိုင်မှာပါ။ လက်ရှိမှာတော့ ကိုလုံးမြို့က ဂျာမန်အာကာသယာဉ်နည်းပညာစင်တာမှာ ဒီစမ်းသပ်မှုကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

အတတ်နိုင်ဆုံး မလှုပ်မယှက်သာနေရမှာဖြစ်ပြီး လုပ်အားခအနေနဲ့ ဒေါ်လာငွေ (၁၉၀၀၀) ရရှိနိုင်မှာပါ

နာဆာ-ဥရောပ အာကာသအေဂျင်စီရဲ့ ဒီလေ့လာမှုဟာ အင်္ဂါဂြိုဟ်ပေါ်အခြေချမယ့် အာကာသယာဉ်မှူးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကျိုးသက်ရောက်မှုတွေအတွက် ရည်ရွယ်ဦးတည်ထားတာပါ။ ဒီကနေတစ်ဆင့် သဘာဝကိုတုပပြီးဖန်တီးထားတဲ့ မြေဆွဲအားရဲ့ အကျိုးကျေးဇူးအလားအလာတွေကို စူးစမ်းလေ့လာသွားမှာဖြစ်ပါတယ်။

ဒီစမ်းသပ်မှုအစီအစဉ်ကို စက်တင်ဘာလတွင်းမှာ ဒုတိယအကြိမ်မြောက် ထပ်မံလုပ်ဆောင်ဖို့ရှိကြောင်းနဲ့ လျှောက်ထားနိုင်သေးကြောင်း ဂျာမန်အာကာသယာဉ်နည်းပညာစင်တာက ကြေညာထားပါတယ်။

Ref: NBCNEWS “60 days in bed pays $19,000 and a chance to protect astronauts”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top