မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ တာဝေးပစ်ဒုံးကျည်က မိုင် ၁၂၄၀ အကွာမှ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ ဆို

12-10-2022-yyl-44.jpg

မိုင် ၁၂၄၀ အကွာအဝေးမှ ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၂ စင်းဟာ လေထဲမှာ ၁၀၂၃၄ စက္ကန့်ကြာ ပျံသန်းခဲ့ပြီးနောက် မိုင် ၁၂၄၀ အကွာအဝေးမှ ပစ်မှတ်ကို ထိမှန်ခဲ့တာလို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။

အဲဒီစမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်အင်အား အားကောင်းခိုင်မာအောင် လုပ်သွားမယ်လို့ ကြုံးဝါးထားတဲ့ ကင်ဂျုံအန်ဟာ ရန်သူတွေနဲ့ ဆွေးနွေးဖို့ မလိုအပ်ဘူးလို့ ပြောခဲ့ပြီးနောက်မှာ အခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း ဂျပန်နိုင်ငံပေါ်ကို ကျော်ဖြတ်ပြီး တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

Ref: North Korea says it has test-fired cruise missiles which hit target 1,240 miles away

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top