မျိုးဗီဇတစ်ခုကိုဆုံးရှုံးလိုက်ရခြင်းက နှလုံးရောဂါဖြစ်နိုင်ချေမြင့်မားလာမှုနဲ့ ဆက်စပ်နေ

genes.jpg

မျိုးဗီဇတစ်ခုကိုဆုံးရှုံးလိုက်ရခြင်းက နှလုံးရောဂါ

သိပ္ပံပညာရှင်တွေဟာ လူသားတွေမှာ နှလုံးရောဂါခံစားရနိုင်ချေတိုးလာရခြင်းကဘာကြောင့်လဲဆိုတာသိရဖို့ သုတေသနပြုလေ့လာနေခဲ့တာ နှစ်ပေါင်းများစွာရှိနေခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ဒီလိုဖြစ်ရခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂) သန်းနဲ့ (၃) သန်းကာလကလူသားမျိုးနွယ်မှာရှိခဲ့တဲ့မျိုးဗီဇတစ်ခု ဒီခေတ်လူသားတွေမှာရှိမနေတော့တာကြောင့် လို့ အဖြေထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သုတေသနပြုသူတွေဟာ သက်လုံအထောက်အပံ့ပြုမျိုးဗီဇဖြစ်တဲ့ (CMAH) ကို အလုပ်မလုပ်အောင်ဖန်တီးပြုပြင်ပြီး မျိုးရိုးဗီဇပြောင်းကြွက်တွေရဲ့ကိုယ်ထဲထည့်သွင်းကာ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။

(CMAH ဆိုတာက ဒီခေတ်လူသားတွေမှာ ကာလရှည်ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဂလိုင်ကော်လီနျူရမင်းနစ်အက်စစ် ခေါ် သကြားမော်လီကျူးတစ်မျိုးကို ဖန်တီးနိုင်တဲ့မျိုးဗီဇတစ်ခုပါ)

လေ့လာမှုမှာအသုံးပြုခဲ့တဲ့ မျိုးဗီဇပြောင်းကြွက်တွေဟာ မပြုပြင်ထားတဲ့ကြွက်တွေထက် နှလုံးသွေးကြောပိတ်ဆို့မှုနှုန်း နှစ်ဆတိုးလာခဲ့ပြီး CMAH ပမာဏတိုးစေတဲ့အဆီတွေစားခိုင်းတဲ့အခါမှာတော့ အဆပေါင်းများစွာတိုးလာတာကို တွေ့ခဲ့ကြရပါတယ်။

ဒါကြောင့် နှလုံးဝေဒနာကိုပိုဆိုးရွားစေတဲ့ မျိုးရိုးဗီဇအပြောင်းအလဲဟာ CMAH ကိုဆုံးရှုံးလိုက်ရခြင်းနဲ့အတူ လူသားတွေဆီရောက်ရှိလာခဲ့တာဖြစ်ကြောင်း သုတေသနပြုသူတွေက ကောက်ချက်ချခဲ့ကြတာပါ။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top