ထိုင်းအစိုးရက လျှပ်စစ်ယာဉ်တွေအတွက် ငွေကြေးထောက်ပံ့ပေးပြီး အခမဲ့ အားသွင်းလို့ရတဲ့နေရာတွေ ထားရှိပေး

29-2-2022-yyl04.jpg

ထိုင်းအစိုးရက ရေရည်တည်တံ့တဲ့ အနာဂတ်ဆီသို့ တက်လှမ်းဖို့ ရည်ရွယ်ပြီး လျှပ်စစ်ယာဉ်တွေ အသုံးပြုတာကို ငွေကြေးထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း လျှပ်စစ်ယာဉ်တွေရဲ့ဈေးနှုန်းကို ထောက်ပံ့ပေးဖို့ ဘတ်ဂျက် ဩစတြေးလျဒေါ်လာ ၁၁၈,၀၀၀ (ထိုင်းဘတ်ငွေ ၃ သန်း) ကို ခွင့်ပြုပေးထားပြီပါပြီ။

The Bangkok Metropolitan Administration (BMA) ကလည်း ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် ဘန်ကောက်မြို့၊ ဘန်ဂျာကစ်တီ ပန်းခြံမှာ လျှပ်စစ်ယာဉ်တွေ အခမဲ့အားသွင်းလို့ရတဲ့ ဂိတ်တွေကိုထားရှိပေးထားပါတယ်။ အများပြည်သူကားပါကင် (၁၀) ခုနဲ့ အစိုးရအဖွဲ့အစည်းတွေမှာလည်း နောက်ထပ် အားသွင်းဂိတ်တွေ ထားရှိဖို့ BMA က စီစဉ်ထားပါတယ်။

“အစိုးရက ထိုင်းနိုင်ငံရဲ့လျှပ်စစ်ယာဉ်တွေကို မြှင့်တင်ပေးဖို့နဲ့ အာရှဒေသမှာ ထိုင်းနိုင်ငံက လျှပ်စစ်ကားနဲ့မော်တော်ဆိုင်ကယ်တွေထုတ်လုပ်မှုအချက်အချာဖြစ်လာစေဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချဖို့ မူဝါဒတစ်ခုရှိပါတယ်။ မော်တော်ယာဉ်လုပ်ငန်းမှာ ဉီးဆောင်သူဖြစ်ဖို့အတွက် သန့်စင်တဲ့စွမ်းအင်နဲ့ ခေတ်မီနည်းပညာဆီ ဉီးတည်ရွှေ့လျားမှုက ထိုင်းနိုင်ငံရဲ့ Detroit of Asia ရဲ့အဆင့်အတန်းကို အားဖြည့်ပေးပြီး နိုင်ငံရဲ့ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ဖို့နဲ့ ဝင်ငွေလည်ပတ်ဖို့ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်နဲ့အညီ ခြေလှမ်းသစ်တစ်ခုဖြစ်လာစေဖို့ အားဖြည့်သွားမှာဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

လျှပ်စစ်ယာဉ်တွေ ဝယ်လိုအားတိုးလာရင် ကနဉီးဘတ်ဂျက်ကိုလည်း တိုးသွားနိုင်ပါတယ်။ Great Wall Motor နဲ့ MG Camp ကားထုတ်လုပ်ရေးနှစ်ခုက ထိုင်းအစိုးရ ခွင့်ပြုထားတဲ့ ဈေးနှုန်းနဲ့ ရနိုင်တဲ့ လျှပ်စစ်ယာဉ် စုစုပေါင်း ၂၀၀၀ နဲ့ ပရောဂျက်မှာ ပါဝင်ဖို့ သဘောတူခဲ့ကြပါတယ်။

Benz၊ BMW၊ Honda၊ Mitsubishi၊ Nissan၊ Foxconn နဲ့ Neta လို ထိပ်တန်းကားအမှတ်တံဆိပ်တွေကလည်း ဒီပရောဂျက်မှာ ပါဝင်ဖို့ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပါတယ်။ ဘန်ကောက်မြို့ရဲ့ ၄၃ ကြိမ်မြောက် နိုင်ငံတကာမော်တော်ကားပြပွဲမှာ လုပ်ခဲ့တဲ့ စစ်တမ်းတွေက လူအများအပြားက လျှပ်စစ်ယာဉ်ကို ပြောင်းလဲအသုံးပြုဖို့ စိတ်ပါဝင်စားကြကြောင်း ပြသပြီးတဲ့နောက်မှာ အခုလို အကောင်အထည်ဖော်လာခဲ့တာဖြစ်ပါတယ်။

Ref: Ladbible “Thai Government Will Subsidise Electric Vehicles And Install Free Charging Stations”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top