ဗုံးသံကြားရင် မီးရှူးမီးပန်းဖောက်တယ်ထင်ပြီး ပြုံးနေတတ်တဲ့ ဆီးရီးယားကလေးငယ် ဘေးကင်းလုံခြုံရာကို ရောက်ပြီ

mar062003.jpg

ဗုံးပေါက်ကွဲသံကြားရင် ပြုံးနေတတ်တဲ့ ၃ နှစ်အရွယ် ဆီးရီးယားမိန်းကလေးငယ်ဟာ တူရကီနိုင်ငံကို ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားပါပြီ။ ဆယ်ဝါလို့အမည်ရတဲ့ မိန်းကလေးငယ်ဟာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အစ်ဒ်လစ်ပြည်နယ်မှာ နေထိုင်သူပါ။ ပြီးခဲ့တဲ့လမှာ စစ်လေယာဉ်တွေက သူ့အိမ်နားတစ်ဝိုက် ဗုံးကြဲနေတုန်း ဆယ်ဝါက ပြုံးပြီး ဂိမ်းကစားနေတာကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းက ပျံ့နှံ့သွားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ၈ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိလို့ ဗုံးပေါက်ကွဲသံကြားရင် သမီးဖြစ်သူ မကြောက်တတ်အောင်လို့ သူ့အဖေ မိုဟမ်မတ်က မီးရှူးမီးပန်းပေါက်တဲ့အသံလို့ လိမ်ပြောထားတာပါ။ အဲဒါကြောင့် ဆယ်ဝါက ဗုံးသံကြားရင် ပြုံးနေတတ်တာ ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲချိန်မှာ ပြုံးပြီး ကစားနေတဲ့ ဆယ်ဝါရဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပြီးနောက် တစ်ပတ်အကြာမှာ တူရကီအစိုးရက ဆယ်ဝါတို့ မိသားစုကို နယ်စပ်ဖြတ်ကျော်ခွင့်ရအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ အစ်ဒ်လစ်ပြည်နယ်ဟာ ဆီးရီးယားနိုင်ငံမှာ လက်နက်ကိုင်တွေ နောက်ဆုံးခြေကုပ်ယူထားတဲ့နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်း အစ်ဒ်လစ်ပြည်နယ်မှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့လို့ ဆီးရီးယား-တူရကီနယ်စပ်ကို ထွက်ပြေးခဲ့သူ တစ်သန်းနီးပါး ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top