ရေဆိုးမြောင်းတွေထဲကို အမှိုက်တွေသာမက တိရစ္ဆာန်အသေတွေပါပစ်လာကြ တောင်ဒဂုံရဲ့ ရေစီးရေလာအခြေအနေဟာ အဆိုးရွားဆုံးရောက်နေပြီလို့ဆို

15-1-2021-yyl17.jpg

ရန်ကုန် ဇန်နဝါရီ ၁၅

တောင်ဒဂုံမြို့ရဲ့ ရေစီးရေလာအခြေအနေဟာ အဆိုးရွားဆုံးအခြေအနေတစ်ခုကို ရောက်နေပြီလို့တောင် ပြောလို့ရတယ်လို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အသိပေး ပြောကြားလိုက်ပါတယ်။

”ပြီးခဲ့တဲ့လွှတ်တော်မှာကတည်းက တောင်ဒဂုံရဲ့ ဆိုးရွားလှတဲ့ ရေစီးရေလာအခြေအနေကို မေးမြန်းထား တယ်။ အဲဒီအပါ်မှာလည်း ကတိကဝတ်ရထားပြီးသားဖြစ်တယ်။

အကောင်အထည်ဖော်ရမှာကတော့ အဆင့်ဆင့် သော တာဝန်ရှိတဲ့သူတွေပေါ့။ ဒါပေမဲ့ အခုအချိန်ထိ စိတ်ကျေနပ်လောက်တဲ့ အခြေအနေတစ်ခုတော့ မရရှိခဲ့ဘူး”လို့ သူက ရိုးရာလေးကို ပြောပါတယ်။

အခုဆိုရင် ရေဆိုးမြောင်းတွေထဲကို စွန့်ပစ်အမှိုက်တွေ စုပုံပစ်လာကြတဲ့အပြင် အဲဒီမြောင်းတွေထဲကို ခွေး၊ ကြောင် စတဲ့ တိရစ္ဆာန်အသေတွေကိုပါ စွန့်ပစ်မှု ပိုများပြားလာတာကို နေ့စဥ◌်ဆိုသလို တွေ့လာရတယ်လို့လည်း ဦးညီညီက ဆိုထားပါတယ်။

မြောင်းတွေမှာ ရေစီးရေလာကောင်းဖို့အတွက် Box Culvert တွေ တင်ပြတောင်းခံပေးပြီး လိုအပ်တဲ့နေရာ တွေမှာ တည်ဆောက်ပေးခဲ့တဲ့အပြင် အုတ်ရေမြောင်းတွေကိုလည်း ရာနဲ့ချီတည်ဆောက်ပေးခဲ့ပေမယ့် ရေစီးရေလာ အခြေအနေက တိုးတက်မလာဘူးလို့ သူက ပြောပါတယ်။

ဒီလိုတိုးတက်မလာတဲ့အတွက် ရပ်ကွက်အစုံ၊ နေရာအစုံက မြောင်းတွေတော်တော်များများကို ကွင်းဆင်း လေ့လာကြည့်တဲ့အခါ မြောင်းတွေပေါ်မှာ ဆိုင်တွေ၊ အိမ်အဖီတွေ ထိုးလာတာကိုတွေ့ရသလို အချို့အိမ်ခြံစည်းရိုးတွေ ဟာ လမ်းနယ်ထဲရောက်ပြီး အုတ်နံရံအခိုင်အမာဆောက်လုပ်ထားတာတွေကို တွေ့ရတယ်လို့ ဦးညီညီက ဆိုပါတယ်။

”ဒါတွေကို တင်ပြထားတာတော့ အကြိမ်မနည်းတော့ဘူး။ လောလောဆယ်မှာ ဆိုင်ကျူး၊ မြောင်းကျူးတွေကို မဖယ်ရှားနိုင်သေးဘူးဆိုရင်တောင်မှ အဲဒီကျူးတွေအောက်မှာရှိတဲ့ အမှိုက်တွေကို စနစ်တကျနဲ့ ရှင်းလင်းဖယ်ရှားဖို့ အတွက် အားလုံးပေါင်းစုပြီး လုပ်ဖို့လိုတယ်”လို့ သူက ပြောပါတယ်။

ဒါတွေဟာ ရေစီးရေလာကောင်းစေခြင်းကို များစွာဒုက္ခပေးစေတဲ့အတွက် တစ်ဦးတစ်ယောက်ခြင်းစီးကစပြီး အားလုံးစည်းကမ်းရှိကြပါစို့လို့ ဦးညီညီက မေတ္တာရပ်ခံထားပါတယ်။

Photo – Nyi Nyi Facebook

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top