“၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးအလုပ်ရှင်အမှတ်တံဆိပ်”ဆုကို Vietjet လက်ခံရရှိ

Vietjet-1.jpg

Vietjet လေကြောင်းလိုင်းဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် ကမ္ဘာ့လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေး (HRD) ကွန်ဂရက်မှာ “ ၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးအလုပ်ရှင်အမှတ်တံဆိပ်” ကို လက်ခံရရှိခဲ့ပါတယ်။

ဒီဆုဟာ လေကြောင်းလိုင်းရဲ့ထူးခြားဆန်းသစ်တဲ့ဝန်ထမ်းရွေးချယ်ခန့်ထားမှု၊ ဝန်ထမ်းအားလုံးအတွက် နိုင်ငံတကာအဆင့်အတန်းမီ စနစ်ကျတဲ့လုပ်ငန်းပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးမှုဆိုတဲ့ ကဏ္ဍနှစ်ရပ်လုံးအတွက် အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။

အရင်ကလည်း Vietjet အုပ်စုဟာ ၂၀၁၈ ခုနှစ်၊ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ HRD ကွန်ဂရက်မှာလည်း လေကြောင်းကဏ္ဍရဲ့ ‘အာရှဒေသတွင် အလုပ်လုပ်ရန်စိတ်ကူးယဉ်စရာကောင်းသောကုမ္ပဏီ’ တစ်ခုအဖြစ်၊ ၂၀၁၆ နဲ့ ၂၀၁၇ နှစ်နှစ်ဆက်တိုက် “အာရှ အကောင်းဆုံး အလုပ်ရှင် အမှတ်တံဆိပ်” အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသေးတယ်။

ယင်းလုပ်ငန်းအုပ်စုအနေနဲ့ “၂၀၁၆ ခုနှစ် အာရှတွင် အထင်ရှားဆုံးအမှတ်တံဆိပ် ၅၀၀ ထဲမှတစ်ခု” ၊ “ဗီယက်နမ်နိုင်ငံ၏ လူကြိုက်အများဆုံးလေကြောင်းလိုင်း”စတဲ့ဆုတွေနဲ့ TTG ခရီးသွား ဆုပေးအပ်ပွဲ ၂၀၁၅ မှာ“၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအာရှဈေးနှုန်းအသက်သာဆုံးပို့ဆောင်ရေး”နဲ့ အခြားဂုဏ်သရေရှိဆုများစွာအပါအဝင် ပြည်တွင်းဆု ၃၂ ဆု၊ နိုင်ငံတကာဆု ၁၀ ဆုတို့ကို လက်ခံရရှိထားပြီးလည်း ဖြစ်ပါတယ်။။

Vietjet ဟာ လက်ရှိမှာ ဟနွိုင်း-ရန်ကုန် ခရီးစဉ်ကို ရက်သတ္တတစ်ပတ်လျှင် အသွားအပြန် ၅ ကြောင်း ပျံသန်းပြေးဆွဲလျက်ရှိပြီး ပြည်တွင်းပြည်ပ အသွားအပြန်ခရီးစဉ်ပေါင်း ၁၀၆ ကြောင်းနဲ့ ဝန်ဆောင်မှုပေးနေတဲ့ အာရှ-ပစိဖိတ်ဒေသရဲ့အတတ်ပညာပိုင်း ယုံကြည်စိတ်ချရမှု (Technical Reliability Rate) အမြင့်ဆုံး ၉၉.၆၄ ရာခိုင်နှုန်းရှိ လေကြောင်းလိုင်းဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top