မင်းသမီး ဟာဂျီဝန်ရဲ့ မောင် Jeon Tae Soo ကွယ်လွန်

skks-jeon-tae-soo.jpg

ဆောင်ကျန်ကွမ် အရှုပ်တော်ပုံ (Sungkyunkwan Scandal) ဇာတ်လမ်းတွဲထဲမှာ ဇာတ်လိုက် မင်းသားရဲ့ ပြိုင်ဘက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Jeon Tae Soo ကွယ်လွန်သွားခဲ့ပါပြီ။ သူက တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီးဟာဂျီဝန်၏ မောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကွယ်လွန်ရတဲ့အကြောင်းရင်းက စိတ်ကျရောဂါကြောင့်ပါ။

ဇန်နဝါရီလ ၂၁ ရက်နေ့မှာ Jeon Tae Soo ရဲ့ အေဂျင်စီက သေဆုံးကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ အေဂျင်စီကတော့ ” Jeon Tae Soo က လူ့လောကကြီးကနေ အသက် ၃၄ နှစ်အရွယ်မှာ စောစီးစွာ ထွက်ခွာသွားပါပြီ။ သူကစိတ်ကျရောဂါ ပျောက်ကင်းဖို့ ကုသမှုခံနေတာဗျ။ ကျွန်တော်တို့တောင် သူနေပြန်ကောင်းလာရင် သရုပ်ဆောင်ပိုင်း ဆက်သွားဖို့ အသေးစိပ် ဆွေးနွေးခဲ့ကြသေးတယ်။ သူ့ရဲ့ သတင်းကိုကြားပြီးတော့ သူ့မိသားစုဝင် နှင့် သူငယ်ချင်းတွေက ဝမ်းနည်းပူဆွေးနေကြပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

“Jeon Tae Soo က သရုပ်ဆောင်အပိုင်းကို စိတ်ပါဝင်စားသူဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်သူ တစ်ယောက်ပါ။ ဒါကြောင့် သူ့အကြောင်းကို ကောင်းစွာမသိဘဲ ထင်မြင်ချက်တွေနဲ့ ဆောင်းပါးတွေ မကောင်းသတင်းတွေ မပြောပါနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။”လို့လည်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။

မင်းသမီးဟာဂျီဝန်ကလည်း မောင်ဖြစ်သူ သေဆုံးသွားပြီးတဲ့ နောက်တစ်ရက်မှာတော့ သူ့ရဲ့ နောက်ထပ်အက်ရှင် ဇာတ်ကားအသစ် Man Hunt နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ခဏ ရပ်နားထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဇန်နဝါရီ 22 ရက်နေ့မှာ ပြုလုပ်မယ့် Man Hunt ရုပ်ရှင် စာနယ်ဇင်း မိတ်ဆက်ပွဲ နဲ့ ဇန်နဝါရီ 24 ရက်နေ့မှာ ပြုလုပ်မယ့် အင်တာဗျူး အစီအစဉ်တွေကို ဟာဂျီဝန်အနေနဲ့ တက်ရောက်ဖြစ်တော့မှာ မဟုတ်ပါဘူး။

Ref: Soompi: Actor Jeon Tae Soo Passes Away, Sister Ha Ji Won Cancels All Upcoming Scheduled Activities

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top