ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းသော မိခင်မေတ္တာ

AP_02121601773-1024x820.jpg

တစ်နေ့မှာ သောမတ်အယ်ဒီဆင်ဟာ ကျောင်းကနေ ပြန်ရောက်လာပြီး မိခင်ဖြစ်သူကို စာရွက်ကလေး တစ်ရွက် ပေးလိုက်ပြီးတော့ “ဆရာမက ဒီစာရွက်လေး အမေ့ကို ပေးလိုက်ပါဆိုပြီး သားနဲ့ထည့်ပေးလိုက်တယ်” လို့ ပြောလိုက်ပါတယ်။

မိခင်ဖြစ်သူက သားငယ်လေကို စာကို ဖတ်ပြနေတဲ့ အချိန်မှာ မျက်ဝန်းများ မျက်ရည်တွေ ပြည့်လျှမ်းလို့ပါပဲ။ စာမှာရေးထားတာကတော့ “အစ်မကြီးရဲ့သားက အရမ်းကို ပါရမီထူးခြားပါတယ်။ သူ့အတွက် ကျွန်မတို့ ကျောင်းက အရမ်းကို သေးငယ်လွန်းပြီး သူ့ကို သင်ပြပေးနိုင်မယ့် အရည်အချင်း ပြည့်ဝတဲ့ ဆရာမတွေ မရှိကြပါဘူး။ ဒါကြောင့် အစ်မကြီးကိုယ်တိုင်ပဲ သင်ပေးလိုက်ပါ။” လို့ ရေးထားသတဲ့။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလို့ မိခင်ဖြစ်သူလည်း ဆုံးပါးသွားခဲ့ပြီး အယ်ဒီဆင်ဟာ အောင်မြင်ကျော်ကြားတဲ့ တီထွင်သူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ သူဟာ အဝတ်ဗီရို အဟောင်းထဲကနေ သူ့အမေအတွက် ဆရာမက ပေးခဲ့တဲ့ စာရွက်ခေါက်လေးကို သူသွားတွေ့ပါတယ်။ သူ စာကိုဖွင့်ဖောက်လိုက်ပြီး စာထဲမှာ ရေးထားတဲ့ စာသားတွေကတော့ “အစ်မကြီးရဲ့ သားဟာ စိတ်ဝေဒနာ ခံစားနေရပါတယ်။ သူ့ကို ကျွန်မတို့ ကျောင်းမှာ ဆက်တက်ဖို့ ခွင့်မပြုနိုင်တော့ပါဘူး။ ကျောင်းထုတ်လိုက်ပါပြီ။” လို့ ရေးထားပါသတဲ့။

အယ်ဒီဆင်ဟာ ဒီစာကို ဖတ်ရင်း စိတ်မကောင်းဖြစ်ခဲ့ပြီးတော့ သူ့ဒိုင်ယာရီ စာအုပ်ထဲမှာ ဒီစာကြောင်းလေးကို ချရေးလိုက်ပါတယ်။ “တစ်ချိန်က စိတ်ဝေဒနာ ဖြစ်ခဲ့သူ သောမတ်အယ်ဗာအယ်ဒီဆင်ကို မိခင်ဖြစ်သူက ရာစုနှစ်တစ်ခုရဲ့ ပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။” ဒီပုံပြင်လေးကနေ ရလိုက်တဲ့ သင်ခန်းစာကတော့ မိခင်မေတ္တာဆိုတာ တုနှိုင်းမဲ့ရတာပါ။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ပျိုးထောင်မှုတွေဟာ ကလေးငယ်လေးရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တာကို သိမြင်ရမှာပဲ ဖြစ်ပါတယ်။

Ref : Knowledge : Mother’s Love for a Boy

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top