သင့်ကလေးရဲ့ အိပ်မက်တွေကို ပုံဖော်ပေးမယ့် DugroSTAR ပြိုင်ပွဲကြီး

dugro.jpg

Dugro ကနေ DugroSTAR ပြိုင်ပွဲစတင်ကျင်းပတော့မယ့် သတင်းလေးတွေ့လိုက်လို့ မေမေတို့ သိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ပြိုင်ပွဲအကြောင်းအသေးစိတ်ကို အောက်မှာဖော်ပြပေးထားပါတယ်ရှင့်။

သားသားမီးမီးတို့ရဲ့အိပ်မက်ကို ပုံဖော်နိုင်ဖို့အတွက် DugroSTAR ပြိုင်ပွဲကြီး ရောက်ရှိလို့လာပါပြီ။ အဆို၊ အက၊ အတီး၊ သရုပ်ဖော် တစ်ခုခုကို ကျွမ်းကျင် ဝါသနာပါတဲ့ ကလေးတိုင်း တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အဖွဲ့လိုက်ပဲဖြစ်ဖြစ် ဝင်ရောက် ယှဉ်ပြိုင် လို့ရပါတယ်နော်။ DugroSTAR Scholarship Fees သိန်း (၃၀) နဲ့အတူ အခြားဆုလက်ဆောင်များစွာလည်း ရရှိမှာပါ။ အသက် (၂) နှစ်အထက်ကနေ (၉) နှစ်အတွင်း သားသားမီးမီးတိုင်း ပါဝင်ယှဉ်ပြိုင် လို့ရပါတယ်နော်။

DugroSTAR ပြိုင်ပွဲကြီးကို

၁။ ရန်ကုန် – လှည်းတန်းစင်တာ (၆.၁၀.၂၀၁၉)

၂။ ရန်ကုန် – Junction City (၂၀.၁၀.၂၀၁၉)

၃။ မန္တလေး – Central Point (City Mart) (၂၀.၁၀.၂၀၁၉)

၄။ နေပြည်တော် – Junction နေပြည်တော် (၂၇.၁၀.၂၀၁၉)

၅။ တောင်ကြီး – ရှမ်းစာပေခန်းမ (၂.၁၁.၂၀၁၉)

၆။ ရန်ကုန် – ပြည်သူ့ရင်ပြင် (ကျောက်တိုင်ကွင်း) (၃.၁၁.၂၀၁၉)

၇။ မြိတ် – မြိတ် Shopping Center (၁၇.၁၁.၂၀၁၉)

၈။ မြစ်ကြီးနား – မင်းရပ်အားကစားကွင်း (၂၄.၁၁.၂၀၁၉)

၉။ ရန်ကုန် – Capital သာကေတ (၇.၁၂.၂၀၁၉)

ကျင်းပသွားမှာဖြစ်ပါတယ်။

မေမေတို့ကလည်း မိမိတို့ရဲ့သားသားမီးမီးတွေကို ပြိုင်ပွဲဝင်စေချင်ရင် https://dugrostar.com (ဒါမှမဟုတ်)
Careline ဖုန်းနံပါတ် 099 7777 6666 သို့ စာရင်းပေးသွင်းလို့်ရပါတယ်။

ပွဲမှာဆိုရင်လည်း ကလေးတွေအတွက် ပျော်စရာဂိမ်းအစီအစဉ်တွေ၊ ချက်ချင်းရိုက်ချက်ချင်းရ မိသားစုအမှတ်တရ ဓါတ်ပုံရိုက်ကူးခွင့်၊ မေမေတို့အတွက် စိတ်လှုပ်ရှားစရာ promotion အစီအစဉ်တွေ၊ နာမည်ကြီးအဆိုတော်တွေ Dancer တွေရဲ့ဖျော်ဖြေမှု၊ ပြိုင်ပွဲဝင် ကလေးတွေရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေကို ဝင်ကြေးအခမဲ့နဲ့ မိသားစုလိုက် လာရောက်အားပေး လို့ရပါတယ်။

ပွဲချိန်ကတော့ မနက် (၉) နာရီ ကနေ ည (၈) နာရီ အထိပါနော်။ ဒါတင်မကသေးပါဘူး။ မေမေတို့အတွက် Dugro Super Moms နာမည် နဲ့ Viber Community Group လေးလည်းရှိပါတယ်။ ဒီ Group လေးမှာ မေမေတို့အတွက် Dugro နဲ့ပတ်သက်တဲ့ အာဟာရဆိုင်ရာအကြောင်းအရာတွေ၊ Promotion အစီအစဉ်တွေနဲ့ အခြားမေမေတို့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို အမြဲမပြတ်ပြောပြပေးနေမဲ့ Group လေးဖြစ်တဲ့အတွက် DugroSuperMoms လင့်ခ်လေးကနေ download လုပ်ပြီး Dugro Super Moms Group လေးထဲဝင်လို့ရပါတယ်။

DugroSTAR စင်မြင့်ထက်ကနေ သားသားမီးမီးတို့ကို စောင့်ကြိုနေပါတယ်နော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top