ဘရက်ဒ်ပစ်ကို အင်ဂျလီနာဂျိုလီ လက်ထပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်း

yyl-4-9-010.jpg

နာမည်ကျော်ဟောလိဝုဒ် သရုပ်ဆောင်‌တွေဖြစ်ကြတဲ့ အင်ဂျလီနာဂျိုလီ (Angelina Jolie) နဲ့ ဘရက်ဒ်ပစ် (Brad Pitt) တို့ရဲ့ရွှေလက်တွဲမှုက (၂) နှစ်အကြာထိသာမြဲခဲ့ပြီး ပြိုကွဲသွားခဲ့တာကို ပရိသတ်တွေသိထားပြီးဖြစ်မှာပါ။ အကယ်၍များ ဂျိုလီသာ သူ့စိတ်သ‌ဘောအတိုင်း ရွေးချယ်ဆုံးဖြတ်မှုလုပ်ခဲ့ရရင် ဘရက်ဒ်ပစ်ကို လက်ထပ်ဖြစ်ခဲ့မှာမဟုတ်ဘူး လို့ အပတ်စဉ်ထုတ် အမေရိကန်သတင်းစာ တစ်‌စောင်က ထုတ် ဖော်ရေးသားလိုက်ပါတယ်။

ဘရက်ဒ်ပစ်ဘက်က အတင်းအကြပ် ဖိအား‌ပေးတောင်းဆိုခဲ့တာကြောင့် လက်ထပ်ဖို့ဆုံးဖြတ်ဖြစ်ခဲ့တာအတွက် ဂျိုလီက ထိခိုက်ခံစားခဲ့ရပြီး သူ့အ နေနဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးမျိုးထက် တစ်ကိုယ်တည်း ‌အေးအေးလူလူနေရတဲ့ဘဝမျိုးကိုပဲ ပိုခုံမင်သဘောကျတတ်တာပါ။

ဆယ်နှစ်နီးပါးကြာအောင် ပျော်စရာအခိုက်အတန့်တွေကို အတူဖြတ်သန်းခဲ့ကြတဲ့ သူတို့နှစ်ဦးက ၂၀၁၄ ဩဂုတ်လကျမှ တရားဝင်လက်ထပ်ခဲ့ကြတာပါ။ အဲဒီနောက် (၂) နှစ်ကြာပြီးချိန် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ရုတ်ချည်းထွက်ပေါ်လာခဲ့တဲ့ သူတို့ရဲ့ ကွာရှင်းပြတ်စဲမှုသတင်းက ကမ္ဘာတစ်ဝှမ်းက ပရိသတ်‌တွေကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့ပါတယ်။ အဲဒီကနေ နောက်ထပ် (၃) နှစ်တာကုန်လွန်အပြီး လက်ရှိအချိန်မှာ နှစ်ဦးစလုံးက သူတို့ရဲ့ကွာရှင်းပြတ်စဲမှုနဲ့ ပတ်သက်နေသမျှကိစ္စ အလုံးစုံကို လုံးဝအပြီးသတ်နိုင်ဖို့ စီစဉ်နေပါပြီ။

ကွာရှင်းပြတ်စဲလိုက်ကြလို့ အရင်က အတူပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေကို တစ်ဦးစီသတ်သတ်ခွဲယူဖို့က မခက်ခဲပေမဲ့ လက်တွဲမဖြုတ်ခင်ကာလမှာပွားစည်းလာခဲ့တဲ့ Maddox (၁၈ နှစ်) Pax (၁၅ နှစ်) Zahara (၁၄ နှစ်) Shiloh (၁၃ နှစ်) နဲ့ Vivienne နဲ့ Knox (၁၁ နှစ်) အမွှာမောင်နှမ သား သမီး (မွေးဖွား+မွေးစား) (၆) ယောက်ကိုတော့ တစ်ဝက်စီခွဲဝေအုပ်ထိန်းဖို့ကေတာ့ ဖြေရှင်းဖို၌ မလွယ်ကူတဲ့ပြဿနာပါ။

ပြတ်စဲလမ်းခွဲလိုက်ပြီးစအချိန် ပထမဆုံး (၂) နှစ်အကြာကာလအတွင်းမှာ ကလေးတွေကိုအုပ်ထိန်းခွင့်ရ ရေးကိစ္စနဲ့ပတ်သက်ပြီး ဘရက် ဒ် နဲ့ ဂျိုလီတို့အကြား အတော်လေးကို အချေအတင် ဖြစ်ခဲ့ကြပါသေးတယ်။ ၂၀၁၈ နိုဝင်ဘာလမှာ ယာယီသဘောတူညီချက်ရတစ်ခု ရခဲ့ကြပေမဲ့ အမြဲတမ်းအတွက်သေဘာတူညီမှုမျိုးက တော့ အခုထိရမလာသေးပါဘူး။

လက်ရှိအချိန်မှာ နှစ်ဦးစလုံးသဘောတူညီထားတဲ့ အချက်အရ (လူမြင်ကွင်းမှာ ကလေးတွေနဲ့အတူ တွေ့ရခဲတဲ့) ဘရက်ဒ်ပစ်က ကလေးတွေနဲ့ ပိုပြီးအချိန်များများ နေထိုင်ခွင့်ရရှိ နေပါတယ်။ ဓာတ်ပုံတွေထဲမှာ တွေ့ တွေ့ နေရတဲ့ ဂျိုလီရဲ့ ငေးမှိုင်တွေဝေ‌‌နေ‌တဲ့သွင်ပြင်ဟာ အဲဒီကိစ္စ‌ကြောင့်ဆိုတာ အေတာ်ကိုသိသိသာသာပါပဲ။ ဒီသီတင်းပတ်ရဲ့အစောပိုင်းရက်တုန်းက တော့ ဂျိုလီက သူသရုပ် ဆောင်ထားတဲ့ Malificent ရုပ်ရှင်ကားအထူးပြသပွဲကို သားသမီး (၅) ယောက်နဲ့ (ကောလိပ်တက်နေတဲ့ သားအကြီးဆုံး Maddox မပါဝင်) အတူတွဲတက်ခဲ့တာကိုတော့ တွေ့ခဲ့ရပါတယ်။

ဂျိုလီက ဘရက်ဒ်ပစ်နဲ့လက်မတွဲခင်မှာ အိမ်ထောင်နှစ်ဆက်ရှိခဲ့ဖူးပြီး သူ့ရဲ့ပထမဆုံးအိမ်ထောင်ဖက်က ဂျွန်နီ လီ မေလာ (Johnny Lee Miller) ပါ။ ၁၉၉၆ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး အိမ် ‌ထောင်ရေးအဆင်မပြေခဲ့တဲ့အတွက် တစ်နှစ်အကြာမှာပြတ်စဲခဲ့ပါတယ်။၂၀၀၀ ခုနှစ်မှာတော့ ဘီလီဘော့ဘ် သွန်တန် (Billy Bob Thornton) နဲ့ဒုတိယအိမ်ထောင် ထူထောင်ပြန်ပေမဲ့လည်း (၂) နှစ်တာကာလလောက်နဲ့ပဲ လမ်းခွဲခဲ့ပြန်ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ Mr & Mr.Smith (၂၀၀၅) ရုပ်ရှင်ကိုရိုက်ကူးရင်း ဂျနီဖာ အန်နစ္စတန် (Jennifer Aniston) နဲ့ မပြတ်စဲရသေးတဲ့ ဘရက်ဒ်ပစ်နဲ့ ဆုံဆည်းခဲ့တာပါ။

ထူထောင်ခဲ့တဲ့ အိမ်ထောင်သုံးဆက်လုံးမှာ အဆင်မပြေမှုတွေ၊ စိတ်ရှုပ်ထွေးစရာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတဲ့ ဂျိုလီအဖို့ အခု‌လက်ရှိ အခြေအနေမှာကတော့ အတိတ်ဆိုးတွေထဲက နေ ရုန်းထွက်လွန် မြောက်လာနိုင်ခဲ့ပြီး သူသ ဘောကျတဲ့ လွတ်လွတ်လပ်လပ် တစ်ကိုယ်တည်းသမားဘဝမျိုးနဲ့ ရှင်သန်ခွင့်ရသွားပြီလို့ပဲ ဆိုရတော့မှာပါ။

Ref: Hollywoodlife “Angelina Jolie Reportedly Never Wanted To Marry Brad Pitt”
Lynn Thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top