ရန်ကုန်တက္ကသိုလ် ပြန်လည်အဆင့်မြှင်တင်နိုင်ရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဆို

2-12-2020-yyl-001.jpg

ရန်ကုန် ဒီဇင်ဘာ ၁

ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်အဆင့်မြှင့်တင်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနားအတွက်ပေးပို့ခဲ့တဲ့ ဂုဏ်ပြုဝမ်းမြောက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစကာလမှာ အရှေ့တောင်အာရှရဲ့ ထိပ်တန်း တက္ကသိုလ်ဖြစ်သလို တက္ကသိုလ်ပတ်ဝန်းကျင်နဲ့ ဥပဓိရုပ်ဟာလည်း အရှေ့တောင်အာရှမှာ အသာယာအလှပဆုံး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းကာလမှာ ရန်ကုန်တက္ကသိုလ်ရဲ့အဆင့် ကျဆင်းခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးလုပ်ငန်းစဥ◌်တွေကို ခိုင်ခိုင်မာမာဆောင်ရွက် နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း(Master Plan)တစ်ခု ရေးဆွဲ အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတော်ရဲ့လိုအပ်ချက်တွေနဲ့အညီ ပြန်လည်ဆန်းစစ် မွမ်းမံပြင်ဆင်သွားမယ့်အပြင် နိုင်ငံတကာတက္ကသိုလ်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် တက္ကသိုလ်ရဲ့ ဥပဓိရုပ် ပိုမိုကောင်းမွန်လာစေဖို့အတွက်လည်း တက္ကသိုလ်ရုပ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေမယ့် အစီအစဥ◌်တွေကို ဖော်ဆောင်လျက်ရှိပြီး စာသင်ဆောင်တွေ၊ ကျောင်းသားဆောင်တွေကို ပြင်ဆင်မွမ်းမံ အဆင့်မြှင့်တင်ပေးနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အသိပေးပါတယ်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ပြီး မြန်မာ့ပညာရေးသမိုင်းမှာ အစဥ◌်အလာ အကြီးမားဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Photo – KST, Myanmar State Counsellor Office
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top