မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု တည်ဆောက်ပြီးစီး

21-10-2020-yyl-022.jpg

ရန်ကုန် အောက်တိုဘာ ၂၂

မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တု MMSATS-1 (မြန်မာအမည် ”လောကနတ်-၁”)ဂြိုဟ်တုကို အောင်မြင်စွာတည်ဆောက်ပြီးစီးပြီဖြစ်တဲ့အတွက် အာကာသအတွင်း လွှတ်တင်နိုင်ဖို့ ဂျပန်အာကာသအေဂျင်စီကို လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။

အဲဒီဂြိုဟ်တုကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်နဲ့ တိုဟိုကိုတက္ကသိုလ်တို့က ပူးပေါင်းတည်ဆောက် ပေးခဲ့တာဖြစ်ပြီးတော့ ၂၀၂၁ ခုနှစ်၊ မတ်လမှာ ဂြိဟ်ပတ်လမ်းအတွင်းကို ထည့်သွင်းဖို့ စီစဥ်ထားတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
MMSATS-1 ဂြိဟ်တုဟာ မြန်မာနိုင်ငံပိုင် အနိမ့်ပျံအသေးစားဂြိုဟ်တုစီမံကိန်းကနေ အကောင်အထည်ဖော် ခဲ့တာဖြစ်ပြီးတော့ အဲဒီစီမံကိန်းမှာ (၅၀)ကီလိုဂရမ်အလေးချိန်ရှိတဲ့ Micro-satellite ဂြိုဟ်တု(၂)လုံး၊ မြေပြင် အသေးစားဂြိဟ်တုထိန်းချုပ်ရေးစခန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Micro-satellite ဂြိုဟ်တုတည်ဆောက်နိုင်မယ့် ဂြိုဟ်တုလက်တွေ့တည်ဆောက်စမ်းသပ်ခန်းနဲ့ နည်းပညာလွှဲပြောင်းပေးရေးအစီအစဥ်အရ သင်တန်းသား(၁၄)ဦး၊ လုပ်ငန်းခွင်လက်တွေ့သင်တန်းအဖြစ် ဆရာ၊ ဆရာမ(၇)ဦးတို့ကို လေ့ကျင့်ပေးမှုလည်း ပါဝင်မှာဖြစ်ပါတယ်။


မြန်မာနိုင်ငံပိုင်အနိမ့်ပျံအသေးစားဂြိုဟ်တုစီမံကိန်းဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁ ရက်ထိ (၅)နှစ်စီမံကိန်းဖြစ်ပြီးတော့ စီမံကိန်းမှာပါဝင်တဲ့ ဒုတိယအနိမ့်ပျံအသေးစားဂြိုဟ်တု (လောကနတ်-၂)ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ လွှတ်တင်ဖို့ စီစဥ◌်ထားတယ်လို့ သိရပါတယ်။

Photo – Educational Information Department

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top