တောင်ကိုရီးယား BIGBANG အဖွဲ့ဝင် တေးယမ် လက်ထပ်တော့မယ်

bigbang1.jpg

တောင်ကိုရီးယား နာမည်ကြီး တေးဂီတအဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့ဝင် တေးယမ် ဟာ သရုပ်ဆောင်၊အဆိုတော်ဖြစ်တဲ့ မင်းသမီး မင်ဟိုရင် နဲ့ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သူတို့ နှစ်ဦး ဟာ လာမယ့် နှစ်အစောပိုင်းမှာ လက်ထပ်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလအတွင်း လက်ထပ်သွားမယ်လို့ နီးစပ်သူတွေကပြောပါတယ်။

တေးယမ် နဲ့ မင်ဟိုရင်တို့ ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မေလက ချစ်သူတွေဖြစ်နေတဲ့အကြောင်းကို လူသိရှင်ကြားထုတ်ဖော်ခဲ့ပါတယ်။ တေးယမ် ဟာ ၁၉၈၈ ခုနှစ်မှာမွေးဖွားသူဖြစ်ပြီး စစ်မှုထမ်းရဖို့ ရှိနေတယ်လို့သိပါတယ်။ တေးယမ် နဲ့ မင်ဟိုရင်တို့ ဟာ တေးယမ်စစ်မှုထမ်းဖို့မသွားခင် လက်ထက်ပွဲကိုကျင်းပဖို့ လိုလားနေတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ နှစ်ဦး ဟာလက်ထက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

Ref: Soompi: BIGBANG’s Taeyang And Min Hyo Rin Reportedly Getting Married

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top