ဆီးနှင်းထဲ ပိတ်မိနေတဲ့ ကိုရီးယားခရီးသည် ၁၀ ယောက်ကို အမေရိကန်ဇနီးမောင်နှံက အိမ်မှာ ဧည့်ခံကျွေးမွေး

27-12-2022-yyl07.jpg

ဆီးနှင်းထဲမှာ ဘတ်စ်ကား ပိတ်မိနေတဲ့ ကိုရီးယားခရီးသည် ၁၀ ယောက်ကို အမေရိကန် ဇနီးမောင်နှံနှစ်ဦးက သူတို့အိမ်မှာ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က နယူးယော့ခ်ပြည်နယ် ဘက်ဖလိုမြို့နားမှာ ကိုရီးယားခရီးသည် ၁၀ ယောက် လိုက်ပါလာတဲ့ ဘတ်စ်ကားက ဆီးနှင်းထဲ ပိတ်မိခဲ့တာပါ။ ခရီးသည် ၁၀ ယောက်ဟာ ဝါရှင်တန်ဒီစီကနေ ထွက်လာကြတာဖြစ်ပြီး နိုင်ရာဂရာရေတံခွန်ကို သွားဖို့ ဦးတည်နေကြသူတွေပါ။

သူတို့ကား ဆီးနှင်းထဲ ပိတ်မိခဲ့ပြီးနောက်မှာ ကိုရီးယားခရီးသည် ၂ ယောက်က ဆီးနှင်းတွေဖယ်ရှားနိုင်ဖို့ အနီးနားက အိမ်တစ်အိမ်ကို တံခါးသွားခေါက်ခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်က ဆီးနှင်းတွေကို တူးထုတ်ဖယ်ရှားပြီး ခရီးဆက်ဖို့ဖြစ်ပါတယ်။

ဒါပေမဲ့ ကမ်ပက်ဂ်နာတို့ ဇနီးမောင်နှံနှစ်ယောက်က ကိုရီးယားခရီးသည်တွေက သူတို့အိမ်မှာ တည်းခွင့်ပေးခဲ့ပြီး အခန်းတစ်ခန်းစီစဉ်ကာ မွေ့ယာတွေ ခင်းပေးခဲ့ပါတယ်။ ကိုရီးယားခရီးသည်တွေက ဒီအိမ်မှာ ၂ ရက်ကြာ တည်းခိုခဲ့ပြီး မုန်တိုင်းကင်းစင်မှ ခရီးဆက်ခဲ့ကြတာပါ။ တည်းခိုခဲ့တဲ့ကာလအတွင်း သူတို့ရဲ့ ဘဝအကြောင်းတွေကို ဖလှယ်ခဲ့ပြီး NFL ပွဲအတူတူကြည့်ကာ အတူတူချက်ပြုတ် စားသောက်ခဲ့ကြပါတယ်။

Ref: NY Couple Opens Home To 10 Korean Tourists Stuck In Blizzard

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top