အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့

fn-2018-06-17-14-34-54-0.jpg

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာကို ဆိုင်းငံ့လိုက်ကြောင်း အခုသီတင်းပတ်အတွင်း ကြေညာသွားဖွယ်ရှိနေတယ်လို့ ယွန်ဟတ်သတင်းစာက ဖော်ပြခဲ့ပါတယ်။ အဆိုပါ သတင်းစာက မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားဖျက်သိမ်းမယ်ဆိုတဲ့ ကတိကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် တောင်ကိုရီးယား နဲ့ အမေရိကန် ကြား စစ်ရေးလေ့ကျင့်မှုတွေ ပြန်လုပ်ဖွယ်ရှိနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက စစ်ရေးလေ့ကျင့်မှု ဆိုင်းငံ့တာဟာ အဓိက ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့သာ သက်ဆိုင်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စင်ကာပူမှာပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းဝေးအတွင်း ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဂိမ်းတွေ အဆုံးသတ်မယ်လို့ ကတိပြုခဲ့မှုအပေါ် အမေရိကန် နဲ့တောင်ကိုရီးယားရှိ အစိုးရတာဝန်ရှိသူတွေ အံ့အားသင့်ခဲ့ရပါတယ်။

တောင်ကိုရီးယားက အမေရိကန်တပ်ဖွဲ့တွေကတော့ ဘယ်လမ်းညွန်မှုကိုမှ လက်ခံမရရှိသေးဘူးလို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ကလည်း တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှု လုပ်တာတွေကို စဉ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကို ပိုင်းခြားထားတဲ့ နယ်စပ်ဒေသကနေ ကီလိုမီတာ ၄၀ လောက် အထိ အမြှောက်ကြီးတွေကို ရွေ့ဆိုင်းထားဖို့ အမေရိကန်ကို တောင်းဆိုမှုတွေရှိခဲ့တယ်လို့ ယွန်ဟတ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

Ref: Reuter “South Korea, U.S. to announce suspension of major military drills this week”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply