တရုတ်နိုင်ငံမှာ ကူးစက်သူ ၃၅ ဦးရှိနေပြီဖြစ်တဲ့ ဗိုင်းရပ်စ်အသစ်

10-8-2022-yyl12.jpg

တရုတ်နိုင်ငံမှာ ကြွက်နဲ့တူတဲ့ Shrew ​ဆိုတဲ့သတ္တဝါငယ်ကနေတဆင့် လူသားတွေဆီ ကူးစက်ပျံ့နှံ့တဲ့ ဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူ (၃၅) ဦးရှိနေပါတယ်။ လန်ယာလို့အမည်ရတဲ့ ဗိုင်းရပ်စ်အသစ်က တရုတ်နိုင်ငံပြည်နယ် (၂) ခုဖြစ်တဲ့ ရှန်ဒေါင်းနဲ့ ဟယ်နန်မှာ စတင်တွေ့ရှိခဲ့တာပါ။ အခုဗိုင်းရပ်စ်ဟာ လုံးဝအသစ်ဖြစ်ပြီး အရင်က လူတွေဆီ မကူးစက်ခဲ့ဖူးဘူးလို့ ထိုင်ဝမ်ရောဂါထိန်းချုပ်ရေးစင်တာအရ သိရပါတယ်။ လန်ယာဗိုင်းရပ်စ်က ဟီနီပါဗိုင်းရပ်စ်အမျိုးအစားနဲ့ဆက်စပ်နေပါတယ်။ အရင်က ဟီနီပါဗိုင်းရပ်စ်အမျိုးအစားတူ သေဆုံးနိုင်ခြေ ၄၀ နဲ့ ၇၅ ရာခိုင်နှုန်းကြားရှိတဲ့ ဟန်ဒရာနဲ့ နီပါဂျ်ဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့ဖူးပါတယ်။ ဒီဗိုင်းရပ်စ် (၂) မျိုးက ပြင်းထန်တဲ့ဖျားနာမှုမျိုးကို ဖြစ်စေပြီး ကုသဆေး၊ ကာကွယ်ဆးမရှိပါဘူး။

လန်ယာဗိုင်းရပ်စ်ကူးစက်ခံရသူ (၃၅) ဦးက အသက်ရှင်လျက်ရှိပြီး ဟန်ဒရာနဲ့ နီပါဂျ်ဗိုင်းရပ်စ်လို ပြင်းထန်တဲ့ဖျားနာမှုတွေ မဖြစ်ဘူးလို့ သိရပါတယ်။ အဖျားတက်နေတဲ့ လူနာတွေကို သိပ္ပံပညာရှင်တွေ စမ်းသပ်စစ်ဆေးပြီးနောက် ဒီဗိုင်းရပ်စ်ကို တွေ့ရှိခဲ့တာပါ။ ကူးစက်ခံရတဲ့သူတွေက ဖျားနာတာ၊ ပင်ပန်းနွမ်းလျတာ၊ ကြွက်သားနာကျင်တာ၊ အစာစားချင်စိတ်မရှိတာ၊ ချောင်းဆိုးတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာနဲ့ ခေါင်းကိုက်တာစတဲ့ ရောဂါလက္ခဏာရပ်တွေ ခံစားရတာကို တွေ့ရှိရပါတယ်။ ကူးစက်ခံရတဲ့လူနာတွေက ရောဂါမတွေ့ရှိခင် တိရစ္ဆာန်တွေနဲ့ ထိတွေ့ခဲ့ဖူးပါတယ်။ ကူးစက်ခံရတဲ့လူနာတွေက တစ်ဦးနဲ့တစ်ဦးထိတွေ့ဆက်ဆံခဲ့ခြင်းမရှိခဲ့ပါဘူး။

လူနာ (၉) ဦးနဲ့ ထိတွေ့မှုရှိတဲ့ မိသားစုဝင် (၁၅) ဦးကို ခြေရာခံတော့ လန်ယာဗိုင်းရပ်စ်ကူးစက်မှုမတွေ့ရဘူး။ လူအချင်းချင်းကူးစက်တဲ့အခြေအနေလို့ ဆုံးဖြတ်ဖို့ နာမူနာအရွယ်အစားက သေးငယ်လွန်းတယ်လို့ New England Journal of Medicine က ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ လူအချင်းချင်းကူးစက်နိုင်ခြေ ရှိမရှိ သုတေသနပြုလုပ်နေဆဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက တိရစ္ဆာန် (၂၅) ကောင်ကို လေ့လာရာမှာ လန်ယာဗိုင်းရပ်စ်ကို သယ်ဆောင်လာတဲ့တိရစ္ဆာန်က တရုတ်နိုင်ငံမှာ တွေ့ရတဲ့ နို့တိုက်သတ္တဝါငယ် shrews တွေဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

Ref: TheMirror “China sounds alarm as new virus ‘spread from a shrew’ infects 35 people across country”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top