ကျားကြီး ‘ဖီဒါ’ က ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ဂျာမနီအသင်းရဲ့အခြေအနေကို ခန့်မှန်း

35360081_1972960582767904_6909800985611206656_n.jpg

ဂျာမနီက ကျားကြီး ‘ဖီဒါ’ ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းရဲ့ အောင်မြင်မှုရ မရဆိုတာကို ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရုရှားနိုင်ငံမှာ ဇွန်လ ၁၇ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည (၉:၃၀) အချိန် ကစားမယ့် ဂျာမနီ လက်ရွေးစင်အသင်းနဲ့ မက္ကဆီကို လက်ရွေးစင်အသင်းတို့ ပွဲစဉ်ကို သောကြာနေ့က ခန့်မှန်းခဲ့တာပါ။

စက္ကူပုံး ၃ ပုံး အဖြစ် ဂျာမနီအလံ၊ မက္ကဆီကိုအလံနဲ့ ဘောလုံးပုံပါတဲ့ စက္ကူပုံးတစ်ပုံးစီ ပြုလုပ်ကာ ရွေးချယ်စေခဲ့တာပါ။ ဘောလုံးပုံ စက္ကူပုံးက သရေရလဒ်ကို ကိုယ်စားပြုဖို့အတွက် ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်စေခဲ့ရာမှာတော့ ကျားကြီး ‘ဖီဒါ’ က ဂျာမနီအလံပါတဲ့ စက္ကူပုံးကိုပဲ ရွေးချယ်ခဲ့တာပါ။

ကျားကြီး ‘ဖီဒါ’ ဟာ ဂျာမနီလက်ရွေးစင်အသင်းရဲ့ ဇွန် ၂၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် (၀၀:၃၀) နာရီမှာ ကစားမယ့် ဆွီဒင်နဲ့ပွဲအပြင် ဇွန် ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ည (၈:၃၀) မှာကစားမယ့် တောင်ကိုရီးယားအသင်းနဲ့ ပွဲစဉ်တွေကိုပါ ခန့်မှန်းပေးသွားဦးမှာ ဖြစ်ပါတယ်။

Ref: CGTN “Tiger ‘Fedor’ predicts Germany’s victory for 2018 World Cup”Cj (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top