ကလေးရုပ်ပေါက်နေလို့ အလုပ်မရတဲ့ ၂၇ နှစ်သား

29-7-2022-yyl02.jpg

လူအများစုအတွက် နုပျိုခြင်းဆိုတာ ဆုလာဘ်တစ်ခုဖြစ်ပေမဲ့ မော်ရှန်းအတွက်တော့ ကျိန်စာပါပဲ။ သူက ၂၇ နှစ်အရွယ် ရှိပေမဲ့ ကလေးရုပ် ဖြစ်နေလို့ အလုပ်ရှာမရ ဖြစ်နေသူပါ။အလုပ်ရှင်တွေက သူ့ကို အသက်လိမ်ထားတယ်ထင်ပြီး အလုပ်မခန့်ကြပါဘူး။ မော်ရှန်းက လေဖြန်းထားတဲ့အဖေကို ရှာကျွေးဖို့ အလုပ်လိုက်ရှာခဲ့တာပါ။

နောက်ဆုံးမှာတော့ သူ့အခက်အခဲကို TikTok ပေါ် တင်ခဲ့ရာမှာ ပျံ့နှံ့သွားခဲ့ပြီး ကူညီပေးချင်သူနဲ့ ဆုံခဲ့ပါတယ်။ အခုတော့ မော်ရှန်းက အလုပ်ရသွားပါပြီ။မော်ရှန်းအကြောင်းကို တရုတ်သတင်းစာတွေက အပြိုင်အဆိုင် ဖော်ပြကြပေမဲ့ ဘာကြောင့် ကလေးရုပ် ဖြစ်နေသလဲဆိုတဲ့ အကြောင်းကိုတော့ ရှင်းလင်းဖော်ပြခဲ့ခြင်း မရှိပါဘူး။

မော်ရှန်းဟာ ရုပ်ရည်ဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်စေတဲ့ ပစ်ကျူထရီဂလန်းကြောင့် ကလေးရုပ် ဖြစ်နေပုံရှိပါတယ်။

Ref: 27-Year-Old Man in China Can’t Get a Job Because of His Childish Appearance

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top