တစ်နေ့တာ လန်းဆန်း တက်ကြွနေစေဖို့ ဂရုစိုက်သင့်တဲ့ မနက်ခင်းအလေ့အထများ

3-7-2020-yyl-036.jpg

တစ်နေ့တာလုံး အဆင်ပြေချောမွေ့ပြီး လန်းဆန်းတတ်ကြွနေစေဖို့ အရေးကြီးဆုံး အချိန်ကတော့ မနက်ခင်းအိပ်ရာထချိန်လေးပါပဲ။ အိပ်ရာထချိန် မနက်ခင်းလေးမှာ စိတ်ကြည်လင် လန်းဆန်းနေမယ်ဆိုရင် ဘာလုပ်လုပ်အဆင်ပြေပါတယ်။

မနက်အိပ်ရာထကတည်းက တမှိုင်မှိုင် တတွေတွေနဲ့ မပျော်ရွှင်ဘူးဆိုရင် အခြားသူများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ အခက်အခဲတွေ ဖြစ်ပေါ်လာနိင်ပါတယ်။ ဒီတစ်ခါမှာတော့ ရိုးရာလေးပရိသတ်တွေအတွက် အိပ်ယာထတာနဲ့ စိတ်ကြည်လင်အောင် သတိထားပြီး ပြုလုပ်သင့်တဲ့ အလေ့အထကောင်းလေးအချို့ကို ဖော်ပြပေးလိုက်တယ်နော်။

ကျွန်တော်တို့အားလုံး မနက်အိပ်ရာထရင် မျက်နှာအရင်သစ်ကြပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရတော့ မျက်နှာသစ်မနေတော့ဘဲ အိပ်ရာထတာနဲ့တစ်ခါထဲ ရေချိုးခြင်းက ဦးနှောက်ကို ပေါ့ပါးသွက်လက်စေပြီး တစ်နေ့တာလုံး စိတ်ကြည်လင်စေနိင်ပါတယ်တဲ့။ မနက်စောစောရေချိုးတာက စိတ်ကူးဉာဏ်အသစ်များကိုလည်း ဖြစ်ပေါ်စေနိင်တယ်လို့ ဆိုထားပါတယ်။

ရေချိုးတဲ့အခါမှာလည်း ရေနွေးနဲ့ ချိုးတာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိင်တယ်ဆိုပေမဲ့လည်း မနက်ပိုင်းမှာတော့ ရေနွေးနဲ့ မချိုးသင့်ပါဘူး။ မနက်ပိုင်းမှာတော့ သာမန်ရိုးရိုးရေနဲ့ပဲ ချိုးသင့်ပါတယ်။ သာမန်ရိုးရိုးရေနဲ့ နေ့စဉ်ပုံမှန်ချိုးပေးမယ်ဆိုရင် အသားအရေခြောက်သွေ့ခြင်း ကင်းဝေးပြီး တစ်နေ့တာလုံး လှုပ်ရှားရုန်းကန်ဖို့အတွက် လုံလောက်တဲ့ စိတ်ဓာတ်တက်ကြွမှုကို ရရှိမှာဖြစ်ပြီး သင့်ကို လန်းဆန်းနေစေမှာပါ။

ဒီတစ်ခုကတော့ သွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး သတိပြုစရာလေးပါ။ အချဉ်ဓာတ်ပါဝင်တဲ့ သစ်သီးတွေကို မနက်စာအဖြစ် စားသောက်ပြီးတဲ့အခါ ကျွန်တော်တို့သွားလေးတွေရဲ့ အပေါ်ယံကြွေသွားအလွှာလေးက ပုံမှန်ထက် ပိုပြီးပျော့ပျောင်းလာပါတယ်။ အဲ့ဒီလိုမျိုး အချဉ်ဓာတ်ပါဝင်တဲ့အစားအသောက်တွေကို စားသောက်ပြီးပြီးခြင်းပဲ သွားတိုက်လိုက်မယ်ဆ်ိုရင် သွားအပေါ်ယံကြွေလွှာလေးတွေ ပျက်စီးစေနိင်ပါတယ်။ သွားမတိုက်ဘဲ ပလုတ်ကျင်းတာကတော့ အကောင်းဆုံးဖြစ်ပြီး သွားတိုက်မယ်ဆိုရင်တော့ အစာစားပြီး မိနစ်၃၀လောက်ကြာမှသာ တိုက်သင့်ပါတယ်။

သင်က ကော်ဖီကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး အိပ်ရာကနိုးနိုးချင်း ကော်ဖီသောက်တဲ့ အလေ့အထရှိတယ်ဆိုရင်တော့ ပြောင်းလဲသင့်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ ကော်ဖီပြင်းပြင်းတစ်ခွက် သောက်မိမယ်ဆိုရင် နှလုံးတုန် ရင်တုန်ပြီးတော့ လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးစေနိင်ပါတယ်။ အကောင်းဆုံးကတော့ မနက်အိပ်ရာထပြီး ၃ ၄နာရီလောက်အကြာမှသာ ကော်ဖီသောက်သင့်ပါတယ်။

အများစုက အိပ်ရာထတာနဲ့ မိုဘိုင်းဖုန်းကို အရင်ဆုံး အသုံးပြုတတ်ကြပါတယ်။ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေပေါ်က သတင်းတွေ၊ အကြောင်းအရာတွေကို အရင်ဆုံးဖတ်ကြ ကြည့်ကြပါတယ်။ တကယ်လို့ အချိန်ကြာမြင့်အောင် အသုံးပြုလိုက်မယ်ဆိုရင် မနက်စာစားချိန်နောက်ကျခြင်း၊ လုပ်ငန်းခွင်ကို ဝင်ရောက်ဖို့နောက်ကျခြင်း စတာတွေဖြစ်ပေါ်နိင်ပါတယ်။ ဒါ့အပြင် စိတ်ညစ်စရာအကြောင်းအရာများ၊ စိတ်အနှာက်အယှက်ဖြစ်စရာ ရုပ်ပုံများ တွေ့မြင် ဖတ်ရှုမိလိုက်မယ်ဆိုရင် တစ်နေ့တာလုံး စိတ်အနှောက်အယှက်တွေ ဖြစ်နေနိင်ပါတယ်။

Ref: “8 morning habits we should say goodbye to once and for all “

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top