ကွန်ကရစ်လမ်းမီးတိုင်မှာ တွဲချည်ထားတဲ့ သစ်လုံးတစ်ပိုင်းနောက်ကွယ်မှ ဇာတ်လမ်းတစ်ပုဒ်

wood.png

အာဂျင်တီးနားနိုင်ငံ အူကာချာမြို့ရဲ့ ကွန်ကရစ်လမ်းမီးတိုင်မှာ သစ်လုံးတစ်ပိုင်းကို တွဲချည်ထားပြီး အဲဒီနောက်ကွယ်မှာတော့ လှပတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်အတော်ကြာလောက်က ဒေသခံဂျာနယ်လစ် ဂူစတာဗိုက ဒီအကြောင်း ရေးသားခဲ့တာပါ။

အူကာချာမြို့မှာ သစ်သားလမ်းမီးတိုင်တွေအစား ကွန်ကရစ်လမ်းမီးတိုင်တွေ ပြောင်းလဲတပ်ဆင်ခဲ့ကြပြီး သစ်သားလမ်းမီးတိုင် တစ်တိုင်ထဲမှာတော့ သစ်တောက်ငှက်မိသားစုတွေ နေကြတာကို လုပ်ငန်းတာဝန်ခံ ဘာနာဒီက တွေ့ရှိခဲ့ပါတယ်။

သစ်တောက်ငှက် မိသားစုတွေကို မောင်းထုတ်ဖယ်ရှားပစ်မယ့်အစား အသိုက်အမြုံမပျက် နေထိုင်နိုင်စေဖို့အတွက် ကွန်ကရစ်လမ်းမီးတိုင်မှာ သစ်တုံးတစ်ပိုင်း (သစ်တောက်ငှက်မိသားစု အသိုက်အမြုံ)ကို တွဲချည်ပေးထားဖို့ အလုပ်သမားတွေကို ဘာနာဒီက မှာကြားခဲ့တာ ဖြစ်ပါတယ်။ သစ်တောက်ငှက် မိသားစုကလည်း အဲဒီသစ်တုံးအပိုင်းထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပါတယ်။

Ref: Odd Piece Of Wood Attached To Utility Pole Hides A Heartwarming Secret

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top