တရုတ်အမျိုးသမီးတစ်ဦးဟာ ရည်းစားဟောင်းကို လက်စားချေတဲ့အနေနဲ့ သူ့အိမ်ကို ကြက်သွန်နီ အိတ်ပေါင်းများစွာ ပေးပို့ခဲ့ပါတယ်။ သူတို့နှစ်ယောက် လမ်းခွဲချိန်တုန်းက သူ ငိုခဲ့ရသလို ရည်းစားဟောင်းလည်း ကြက်သွန်နီအနံ့ မွှန်ပြီး ငိုအောင်လုပ်တာပါတဲ့။
ဒီဖြစ်ရပ်ဟာ ၂၀၂၀ ပြည့်နှစ်က တရုတ်နိုင်ငံ ရှန်တုံပြည်နယ်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ ကျောက်လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူ့အပေါ် သစ္စာမရှိတဲ့ ချစ်သူကောင်လေးနဲ့ လမ်းခွဲခဲ့ပြီး စိတ်ထိခိုက်ခဲ့ပါတယ်။ အဲဒီအတွက် လက်စားချေတဲ့အနေနဲ့ သူ ငိုရသလို သူ့ချစ်သူဟောင်းလည်း ငိုရစေဖို့ သူ့ရဲ့ နေအိမ်ကို ကြက်သွန်နီ အလေးချိန် ပေါင် ၂၂၀၀ ပို့ခဲ့ပါတယ်။
ကြက်သွန်နီ အိတ်တွေနဲ့အတူ စာတစ်စောင် ထည့်ပေးလိုက်ပြီး စာထဲမှာတော့ ” ငါ ၃ ရက် ငိုခဲ့ရတယ်။ အခု နင့်အလှည့်ပဲ”လို့ ရေးထားပါတယ်။ ဒါပေမဲ့ သူ့ချစ်သူဟောင်းကတော့ မငိုတဲ့အပြင် ဝမ်းသာပျော်ရွှင်သွားပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျောက် ပို့လိုက်တဲ့ ကြက်သွန်နီအားလုံးကိုရောင်းစားလိုက်ရလို့ပါပဲ။ ဒီသတင်းက တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ကြပါတယ်။
Ref: Chinese woman sends tonne of onions to ex-boyfriend
NZ ( ရိုးရာလေး)