ရုံး၊ ဌာနတွေမှာ ဝန်ထမ်းအင်အား ထက်ဝက်သာ တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြား

25-3-2020-yyl-007.jpg

COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့နဲ့ ရုံးလုပ်ငန်းတာဝန်တွေကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေဖို့တို့အတွက် ရုံး၊ ဌာနတွေအနေဲ့ ရုံးချိန်အတွင်း လက်ရှိဝန်ထမ်းအင်အားရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ တာဝန်ထမ်းဆောင်စေဖို့ သမ္မတရုံးက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

နားရက်ရတဲ့ ကျန်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကို ဝန်ထမ်းအိမ်ရာ၊ အဆောင်နဲ့ နေအိမ် စတဲ့နေရာတွေမှာ တာဝန်ချိန်အဖြစ်သတ်မှတ်ပြီး မပျက်မကွက်နေထိုင်သွားဖို့နဲ့ လိုအပ်လို့ခေါ်ယူရင် အချိန်နဲ့တစ်ပြေးညီ တာဝန် ထမ်းဆောင်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ရမယ်လို့လည်း ဆိုထားပါတယ်။ ဒီကာလအတွင်းမှာ ဝန်ထမ်းတွေအနေနဲ့ တာဝန်မှအပ သက်ဆိုင်ရာ ရုံး၊ ဌာနတွေရဲ့ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာဒေသကနေ ထွက်ခွာတာတွေကို မပြုလုပ်ကြဖို့ကိုလည်း ညွှန်ကြားချက်ရဲ့ အချက်တစ်ချက်အနေနဲ့ ထည့်သွင်းလမ်းညွှန်ထားပါတယ်။

အခုလို ထုတ်ပြန်ထားတဲ့ညွှန်ကြားစာမှာ ညွှန်ကြားချက် ၆ ချက်ပါဝင်ပြီးတော့ ဒီညွှန်ကြားချက်တွေကို မတ် ၂၆ ရက်ကနေစတင်ပြီး ဆောင်ရွက်ရမှာပါ။ ပုံမှန်ပြန်လည်ဆောင်ရွက်ရမယ့် နေ့ရက်ကိုတော့ ထပ်မံ အကြောင်းကြားသွားမယ်လို့ အသိပေးထားပါတယ်။ အမျိုးသားကျန်းမာရေ းဓာတ်ခွဲမှုဆိုင်ရာဌာနရဲ့ ဓာတ်ခွဲအဖြေအရ မတ် ၂၃ ရက်မှာ အမျိုးသားနှစ်ဦး၊ မတ် ၂၅ ရက်မှာ အမျိုးသားတစ်ဦး၊ စုစုပေါင်း အမျိုးသား ၃ ဦးမှာ COVID-19 ရောဂါတွေ့ရှိထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top