COVID 19 ကြောင့် ကိုလံဘီယာကနေ ကိုရီးယားကို ပြန်လာခဲ့ပြီး စောင့်ကြည့်ကြပ်မတ်မှုကို ခံယူနေတဲ့ ဆောင်ဂျွန်ကီ

25-3-2020-yyl-008.jpg

COVID 19 ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဆက်လက်ပျံ့နှံ့နေတဲ့အတွက် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတော်တော်များများက သူတို့ပုံမှန်လုပ်နေကျအလုပ်တွေကို ရပ်တန့်ထားကြရပါတယ်။ စီးပွားရေးနယ်ပယ်မှာတင်မဟုတ်ဘဲ အနုပညာနယ်ပယ်မှာလည်း ရိုက်ကူးရေးတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ မကြာသေးခင်ကမှ ကိုရီးယားရုပ်ရှင်ကား”Bogota” ရိုက်ကူးမှုကို ရပ်ဆိုင်းလိုက်ရပါတယ်။အဲဒီဇာတ်ကားကို ကိုလံဘီယားမှာရိုက်ကူးနေတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားရိုက်ကူးရေးမှာ ပါဝင်တဲ့မင်းသားတွေနဲ့ အဖွဲ့သားတွေက ပြီးခဲ့တဲ့ မတ်လ (၂၄) ရက်နေ့က ကိုရီးယားနိုင်ငံကို ပြန်လာရောက်ရှိလာခဲ့ပါပြီ။

ထုတ်လုပ်ရေးအဖွဲ့က ဒီဇာတ်ကားကို ရပ်ဆိုင်းလိုက်ဖို့အတွက် ကိုလံဘီယာနိုင်ငံရဲ့စည်းမျဉ်းကိုသာမက ကိုရီးယားအစိုးရရဲ့ညွှန်ကြားချက်တွေကို လိုက်နာပြီး ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားဆောင်ဂျွန်ကီ ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဆောင်ဂျွန်ကီကလည်း ရိုက်ကူးရေးကို ဖျက်သိမ်းပြီး ကိုလံဘီယာကနေ ကိုရီးယားနိုင်ငံကို ပြန်ရောက်ရှိလာခဲ့ပါတယ်။ ဆောင်ဂျွန်ကီရဲ့အေဂျင်စီက “ဆောင်ဂျွန်ကီဟာ မတ်လ (၁၄) ရက်နေ့က ကိုရီးယားနိုင်ငံကို ပြန်ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ သူဟာ စောင့်ကြည့်ကြပ်မတ်မှုတွေ ခံယူပြီး self isolation အနေနဲ့ အချိန်ကုန်ဆုံးမှာဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာကောင်းကောင်းအနားယူမှာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ထုတ်လုပ်ရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုများတဲ့အတွက် ရိုက်ကူးရေးပိုင်းနဲ့ပတ်သက်ပြီး ဆုံးရှုံးမှုတွေများမယ်ဆိုတာ သိပေမဲ့ လက်ရှိအခြေအနေကို ရှေ့ရှုပြီး ရိုက်ကူးရေးဖျက်သိမ်းပြီး ကိုရီးယားနိုင်ငံကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ နောက်ပိုင်းမှာ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဘယ်လိုတွေလုပ်ဆောင်မယ်ဆိုတာကိုတော့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

“Bogota”ဇာတ်ကားက ကိုလံဘီယာကို ရွှေ့ပြောင်းနေထိုင်တဲ့ ဇာတ်ကောင်တစ်ယောက်အကြောင်းနဲ့ နိုင်ငံရပ်ခြားမှာ ကြုံတွေ့ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရိုက်ကူးရေးကို ဇန်နဝါရီလက စတင်ခဲ့ပြီး မေလမှာ အဆုံးသတ်ဖို့ စီစဉ်ခဲ့တာပါ။ ရုံတင်ပြသဖို့ကတော့ ၂၀၂၀ ခုနှစ် နှစ်ဝက်မှာ လျာထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref: Song Joong Ki To Enter Self-Isolation Upon Returning To Korea

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top