70W အမြန်အားသွင်းစနစ် ၊ 20W ကြိုးမဲ့သံလိုက်အားသွင်းစနစ်၊ ခေတ်မီစတိုင်ကျသော မှန်အခုံးမျက်နှာပြင်တို့ ပါဝင်သည့် Infinix NOTE 40 Pro Series!

7.4.24-yyl-1.jpg

Infinix NOTE 40 Pro Series ဖြစ်တဲ့ NOTE 40 ၊ NOTE 40 Pro ကို 70W အမြန်အားသွင်းစနစ် ၊ 20W ကြိုးမဲ့သံလိုက်အားသွင်းစနစ်၊ 3D AMOLED မှန်အခုံးမျက်နှာပြင်၊ ခေတ်မီဒီဇိုင်းနှင့် Pro အင်္ဂါရပ်များပါဝင်သည့် NOTE 40 Pro Series များကို မိတ်ဆက်လိုက်ပါသည်။ အားသွင်းမြန်စနစ်ကို အသုံးပြု၍ လူနေမှုပုံစံကို မြှင့်တင်လိုသူများအတွက်(၇)သိန်းခွဲကျော်ဈေးနှုန်းဝန်းကျင်တွင် အားသွင်းမြန်စနစ်ပါဝင်သည့် တစ်ခုတည်းသော ဖုန်းလည်း ဖြစ်ပါသည်။

အဆိုတော် သရုပ်ဆောင်၊ အကယ်ဒမီ ရွှေထူးမှ NOTE 40 Pro အတွက် Product Ambassador အဖြစ် တာ၀န်ယူဆောင်ရွက်လျက်ရှိပြီး NOTE 40 နှင့် MLBB တို့၏ ပူးပေါင်းဆောင်ရွက်မှုအကြောင်း သတင်းများကို မျှဝေပေးခဲ့သည်။ NOTE 40 Pro Series တွင် NOTE 40 နှင့် NOTE 40 Pro ဖုန်း အမျိုးအစားများပါဝင်ပြီး Infinix ၏ All-Round FastCharge2.0 အမြန်အားသွင်းနည်းပညာဖြင့် နည်းပညာတိုးတက်မှုကို ထည့်သွင်းထားသည်။ Infinix သည် 70W ဘက်စုံသုံး အမြန်အားသွင်းစနစ်၊ 20W ကြိုးမဲ့သံလိုက်အားသွင်းစနစ်နှင့် အထွေထွေ အားသွင်းစနစ်များကို ပံ့ပိုးပေးသည့် ကိုယ်တိုင်တီထွင်ထားသော Cheetah X1 chip ပြားကို NOTE 40 Pro Series များတွင် မိတ်ဆက်ပေးခဲ့သည်။ NOTE 40 Pro Series တွင် တောက်ပသော ရောင်ပြေး တုံ့ပြန်မှုပါသည့် 3D Curved 120Hz AMOLED Display (မှန်အခုံးမျက်နှာပြင်)နှင့် OIS ပံ့ပိုးမှုနှင့် Zoom ဆွဲအားကောင်းသော 108MP super-zoom camera system ၊16GB ထပ်တိုး RAM နှင့် Storage 256GB တို့ကိုလည်း ပံ့ပိုးထားသည်။

Active Halo AI lighting ကဲ့သို့ AI အဆင့်မြှင့်တင်မှုများကို ထည့်သွင်းထားပြီး JBL အသံစနစ်ဖြင့် ပူးပေါင်းကာ ပြိုင်ဆိုင်မှုမရှိသည့် အသံစွမ်းဆောင်ရည်နှင့် အာမခံထားပါသည်။

လက်ဆောင်များအနေဖြင့် NOTE 40 ကို ဝယ်ယူပါက အခမဲ့ နားကြပ်ကို လည်းကောင်း၊ NOTE 40 Pro ကို ၀ယ်ယူပါက အခမဲ့ Bluetooth နားကြပ်နှင့် ရက် (၉၀) အခမဲ့ screen လဲပေးသော အာမခံကို ရရှိနိုင်မည် ဖြစ်သည်။

ရရှိနိုင်သော အရောင်များ – Titan Gold, Vintage Green

Note 40 – 669,900 Ks

Note 40 Pro – 769,900 Ks

အသေးစိတ်အချက်အလက်ကို ဖတ်ရှုရန် : http://kh2.infinixmobility.com/

InfinixNOTE40ProSeries #InfinixMyanmar

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top