ဖင်လန်နိုင်ငံမှာ ပျော်ရွှင်ခြင်းမာစတာတန်းခွဲ စားရိတ်ငြိမ်းတက်ခွင့်ရမယ့် ကံထူးရှင် ၁၀ ဦး ရွေးချယ်နေ

16.3.2023-yyl-iamge-14.jpg

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ၅ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တဲ့ ဖင်လန်နိုင်ငံဟာ သူတို့ရဲ့ ဘဝနေနည်းကို စားရိတ်ငြိမ်း သင်ကြားခွင့်ရမယ့် ကံထူးရှင် ၁၀ ဦး ရွေးချယ်လျက်ရှိပါတယ်။ ကံထူးသူတွေဟာ လေယာဉ်လက်မှတ်၊ တည်းခိုးစရိတ်၊ စားစရိတ် တပြားတချပ်မှ မကုန်ဘဲ ဖင်လန်နိုင်ငံမှာ ပျော်ရွှင်ခြင်းမာစတာတန်းခွဲကို တက်ရောက်ခွင့် ရမှာပါ။

သင်တန်းမှာ သင်ကြားပေးမယ့်သူတွေက နယ်ပယ်အသီးသီးက ထိပ်တန်းပညာရှင်တွေဖြစ်ပြီး သဘာဝနှင့် နေထိုင်မှုပုံစံ၊ ကျန်းမာရေးနှင့် ဟန်ချက်ညီမှု၊ ဒီဇိုင်းနှင့် နေ့စဉ်ဘဝ၊ အစားအစာနှင့် ကောင်းကျိုးချမ်းသာ အစရှိတဲ့ ခေါင်းစဉ် ၄ ခုကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

” ခင်ဗျားတို့ ဘာလို့အရမ်းပျော်နေကြတာလဲလို့ ကျွန်တော်တို့ကို မေးလေ့ရှိကြတယ်။ သဘာဝနဲ့ နီးစပ်မှုရှိပြီး အရှိကို အရှိအတိုင်း လက်ခံကျင့်သုံးတတ်မှုက ဖင်လန်နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှု မြစ်ဖျားခံရာပဲလို့ ယုံကြပါတယ်”လို့ Business Finland ရဲ့ နိုင်ငံတကာဈေးကွက်ဒါရိုက်တာ ဂျင်မီနက်ဇ်က ပြောပါတယ်။ ပျော်ရွှင်မှု မာစတာတန်းခွဲကို ဇွန်လ ၁၂ ရက်ကနေ ၁၅ ရက်အထိ သင်ကြားပေးမှာဖြစ်ပြီး ဧပြီလ ၂ ရက်နေ့အထိ လျှောက်ထားခွင့်ရှိပါတယ်။ ဒါဟာ ဖင်လန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း Visit Finland ရဲ့ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ပျော်ရွှင်မှု မာစတာတန်းခွဲ အခမဲ့တက်ရောက်ခွင့်ရဖို့ လျှောက်ထားရန်

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top