ဂျပန်စိတ်ဓာတ်

31.5.24-yyl-6.jpg

ယန်း ၁၀၀၀ တန်တစ်ရွက်နဲ့ စာတစ်စောင်။ ဒီစာထဲမှာ ရေးထားတာကတော့ ” မင်းစက်ဘီးကို ငါ ဝင်တိုက်မိလို့ ခေါင်းလောင်း ကွဲသွားတယ်။ ဒီအတွက် တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်”တဲ့။ စက်ဘီးပိုင်ရှင် မရှိတုန်း ဝင်တိုက်မိသွားတဲ့သဘောပေါ့။

ပိုင်ရှင်မသိလိုက်ဘဲ ဖြစ်သွားတာဆိုတော့ ဘာမှမပေးခဲ့လည်း ရတယ်။ ဒါပေမဲ့ စိတ်ဓာတ်အဆင့်အတန်း မြင့်မားပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်တော့ ပိုင်ရှင် သိသိ၊ မသိသိ ကိုယ့်ကြောင့် ဖြစ်မှန်း၊ ကိုယ်တိုင် သိတယ်။ ဒီအတွက် တာဝန်ယူရမယ်ဆိုတဲ့ သဘောနဲ့ ယန်း ၁၀၀၀ လျော်ကြေးပေးခဲ့တာပါ။ ဒါဟာ ဂျပန်စိတ်ဓာတ်ပါပဲ။ ဒီစိတ်ဓာတ်ကြောင့်ပဲ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်အလွန် ပြာပုံဘဝကနေ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ပြန်ဖြစ်လာခဲ့တာပါ။

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top