အချိန်ဆွဲတတ်တဲ့ကလေးတွေကို ဘယ်လိုကူညီပေးရမလဲ

8-9-2021-yyl07.jpg

အချိန်ဆွဲတတ်တဲ့၊ အီးရောအီးရောလုပ်တတ်တဲ့ကလေးတစ်ယောက်ဟာ အရာအရာတိုင်းကို အချိန်အကြာကြီးနေမှ နောက်ဆုံးမိနစ်ကျမှ လုပ်တတ်ကြပါတယ်။ အလုပ်တစ်ခုကို ပြီးမြောက်ဖို့ တက်ကြွမှုလည်းမရှိဘူး။ အဲဒီလိုလုပ်တာကြောင့် လုပ်ရမယ့် တာဝန်တွေကို ပြီးမြောက်ဖို့ ပျက်ကွက်တတ်ကြပါတယ်။

တက်ကြွမှုမရှိခြင်း၊ ကိုယ့်စည်းကမ်းနဲ့ကိုယ်မနေခြင်း၊ အချိန်စီမံခန့်ခွဲမှုအားနည်းခြင်း၊ ပျင်းရိခြင်းတွေကြောင့် အချိန်ဆွဲတတ်တဲ့၊ အီးရောအီးရောလုပ်တတ်တဲ့ကလေးဖြစ်လာရတာဖြစ်နိုင်ပါတယ်။ အဲဒီလိုကလေးတွေကို မိဘတွေက ဘယ်လိုကူညီပေးကြမလဲ။ သင့်ကလေးက အီးရောအီးရောလုပ်နေတဲ့၊ အလုပ်တွေကို နောက်မှလုပ်မယ်ဆိုတဲ့ အရိပ်အယောင်တွေပြနေတယ်ဆိုရင် သူ့ကို ကူညီပေးနိုင်တဲ့နည်းလမ်းတချို့ရှိပါတယ်။

ကလေးတွေကို မေးခွန်းထုတ်ပါ

အလုပ်ပြီးမြောက်အောင် ဘာလို့မလုပ်ချင်တာလဲဆိုတာကို မေးခွန်းထုတ်လိုက်ပါ ကိုယ့်ဘာသာ အကြောင်းအရင်းကို ဆွဲတွေးမယ့်အစား ကလေး အဲဒီလိုလုပ်ရတဲ့ပြဿနာရဲ့အရင်းအမြစ်ကို ရှာဖွေသင့်ပါတယ်။

ဖြေရှင်းနည်းနဲ့ ကလေးတွေကို ကူညီပါ

ဖြေရှင်းနည်းကို ရှာဖို့ ကလေးတွေကို ကူညီပြီး အလုပ်ကို အီးရောအီးရောမလုပ်ဘဲ ဘယ်လိုဉီးစားပေးလုပ်သင့်လဲဆိုတာကို သင်ကြားပေးရမှာဖြစ်ပါတယ်။

အရှိကိုအရှိတိုင်းလက်ခံပါ

ရလဒ်ကပြောင်းပြန်ဖြစ်သွားနိုင်တာ၊ သင့်ကလေး ကြိုးစားဖို့အတွက် အားပေးအားမြောက်မဖြစ်တာတွေဖြစ်နိုင်တဲ့အတွက် လက်တွေ့မဆန်တဲ့မျှော်လင့်ချက်တွေ ကလေးအပေါ်မထားပါနဲ့။ အရှိကိုအရှိအတိုင်း လက်ခံပေးပါ။

ကလေးတွေကို အိမ်အလုပ်တွေနဲ့ ဝန်မပိပါစေနဲ့

ကလေးတွေကို အိမ်မှုကိစ္စလုပ်တတ်အောင် သင်ကြားပေးတာက အဆင်ပြေပေမဲ့ အဲဒါတွေကြောင့် သူတို့ကို စိတ်ဖိစီးမှုမဖြစ်ပါစေနဲ့။ အိမ်အလုပ်တွေနဲ့ ဝန်ပိလာမယ်ဆိုရင် ကလေးတွေက အီးရောအီးရောနဲ့ ဘာအလုပ်မှ မလုပ်ချင်၊ ဂရုမစိုက်ချင်ဖြစ်လာနိုင်ပါတယ်။

ကလေးတွေ လုပ်လိုက်တဲ့အရာအတွက် ချီးကျူးပေးပါ

သင့်ကလေးရဲ့အလုပ်ကြိုးစားမှုကို အမြဲတမ်းအသိအမှတ်ပြုပြီး ချီးကျူးစကားဆိုပေးပါ။ ဒါမှ အချိန်မဆွဲဘဲ၊ အီးရောအီးရောမလုပ်ဘဲ အလုပ်ကြိုးစားချင်စိတ်ဖြစ်စေမှာဖြစ်ပါတယ်။

သင်ကိုယ်တိုင်က စံပြပုဂ္ဂိုလ်ဖြစ်ပါစေ

သင့်ကလေးအတွက် ရှေ့ကနေ စံပြပုဂ္ဂိုလ်ဖြစ်အောင်လုပ်ပါ။ ကလေးတွေက မိဘတွေအတိုင်း လိုက်ပြီးအတုခိုးတတ်ကြပါတယ်။ မိဘကိုယ်တိုင်က အချိန်ဆွဲတတ်တယ်။ အီးရောအီးရောနေတတ်တယ်ဆိုရင် ကလေးကလည်း သင့်လို လိုက်ပြီး အတုခိုးနေပါလိမ့်မယ်။

Ref: How to help kids who procrastinate


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top