OPPO က ၂၀၂၃ ခုနှစ်တွင် ဆန်းသစ်တီထွင်မှုရှိတဲ့ Open Ecosystem တစ်ခုကို တည်ဆောက်ဖို့အတွက် ကမ္ဘာတစ်ဝန်းရှိ Developer တွေ၊ Creator တွေနဲ့ ပူးပေါင်းလုပ်ဆောင်

8.12.23-yyl-၃.jpg

စမတ်ကျပြီး သုံးစွဲမှု အတွေ့အကြုံတွေ ချောမွေ့စေမဲ့ OPPO ColorOS 14 Global Version တရားဝင် စတင်ထွက်ရှိ

OPPO က 2023 OPPO Developers Conference (ODC23) ကို ကျင်းပခဲ့ပြီး အဲဒီပွဲမှာတော့ ကမ္ဘာတစ်ဝန်းက Developer တွေနဲ့ OPPO Health အတွက် Open Ecosystem မှာ စူးစမ်းရှာဖွေမှုတွေကို အကျိုးရှိစေမဲ့ အဆင့်မြှင့်တင်ထားတဲ့ Pantanal Cross-platform Smart System၊ ColorOS 14 အသစ်ကို ပံ့ပိုးပေးမဲ့ Self-trained ထားပြီး ဘာသာစကား ပေါင်းများစွာ နားလည်နိုင်တဲ့ AndesGPT ကို မိတ်ဆက်ပြသခဲ့ပါတယ်။

ColorOS 14 ကို စွမ်းဆောင်ရည်မြှင့်တင်ပေးမဲ့ OPPO ရဲ့ အဆင့်မြှင့် Pantanal Cross-Platform Smart System နဲ့ AndesGPT

OPPO ColorOS ဟာ ၂၀၁၃ ခုနှစ်အတွင်း ပထမဆုံး ထွက်ရှိချိန်ကစပြီး အသုံးပြုသူတွေကို အဓိက ဦးစားပေးမှုနဲ့ နည်းပညာပိုင်း ရင်းနှီးမြုပ်နှံမှုအပေါ် အကောင်အထည်ဖော်မဲ့ ကတိကဝတ်နဲ့ အကောင်းမွန်ဆုံး စမတ်ကျတဲ့ သုံးစွဲမှုအတွေ့အကြုံတွေကို ဆက်လက် မိတ်ဆက်နေခဲ့တာပဲ ဖြစ်ပါတယ်။ Android 14 ကို အခြေခံထားတဲ့ ပထမဆုံး စနစ်တွေထဲက တစ်ခုအနေနဲ့ ColorOS 14 ဟာ Aquamorphic Design၊ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက် AI-powered smart လုပ်ဆောင်ချက်တွေ၊ ချောမွေ့တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းမဲ့ အဆင့်မြှင့် ကိုယ်ပိုင်နည်းပညာနဲ့အတူ ဘေးကင်းလုံခြုံပြီး Privacy ကာကွယ်ပေးဖို့ အသုံးပြုရလွယ်တဲ့ လုပ်ဆောင်ချက် Tool တွေကို မိတ်ဆက်ပေးထားပါတယ်။ ၂၀၁၃ ခုနှစ်မှာ ColorOS ကို စတင်မိတ်ဆက်ခဲ့ချိန်ကစပြီး ဒီနေ့အထိ ကမ္ဘာတစ်ဝန်း လစဉ်အသုံးပြုသူ သန်း ၆၀၀ ကျော်ရှိပြီး ပိုမို စမတ်ကျ ချောမွေ့တဲ့ သုံးစွဲမှုအတွေ့အကြုံနဲ့ တစ်ကမ္ဘာလုံးရှိ အသုံးပြုသူတွေရဲ့ နေ့စဉ်ဘဝကို အဆင်ပြေချောမွေ့စေလျက် ရှိပါတယ်။

၁၀ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ColorOS 14 မှာ OPPO ရဲ့ Pantanal Cross-platform Smart System နဲ့ OPPO ရဲ့ China Version အတွက် အဆင့်မြှင့် Self-trained ထားတဲ့ ဘာသာစကားဆိုင်ရာ AndesGPT တို့ကို စမတ်ကျတဲ့ လုပ်ဆောင်ချက်ဆိုင်ရာ အတွေ့အကြုံသစ်တွေနဲ့အတူ မိတ်ဆက်ပေးထားပါတယ်။

အဆင့်မြှင့်ထားတဲ့ Pantanal ရဲ့ စွမ်းဆောင်ရည်နဲ့ အတူ ColorOS 14 ဟာ တရုတ်နိုင်ငံမှာ ဟိုတယ်နေရာ ကြိုတင်မှာယူမှုတွေ၊ ဟိုတယ်အကြံပြုချက်တွေနဲ့ ဧည့်လမ်းညွှန်ငှားရမ်းမှုအထိ စမတ်ခရီးသွားဝန်ဆောင်မှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံတကာ ခရီးသွားမှုဆိုင်ရာ ဝန်ဆောင်မှုတွေကိုလဲ ရယူနိုင်စေမှာဖြစ်ပါတယ်။

OPPO က ကိုယ်ပိုင်နည်းပညာနဲ့ တီထွင်ထားတဲ့ Intelligent Assistant လုပ်ဆောင်ချက် Breeno1 ဟာ AndesGPT ရဲ့ စွမ်းဆောင်မှုနဲ့ အဆင့်မြှင့်တင်ထားပါတယ်။ အဆိုပါ Breeno အသစ်ဟာ အသုံးများတဲ့ System Setting ပေါင်း ၄၀၀ ကျော်ကို အသုံးပြုပြီး ပိုမိုသဘာဝကျတဲ့အပြင် ချောမွေ့တဲ့ စကားပြောဆိုမှုတွေ လုပ်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်။ ဒါအပြင် AI Content ဖန်တီးမှုတွေ၊ အချိန်ဇယားစီမံခန့်ခွဲမှုနဲ့ အခြားလုပ်ဆောင်ချက်တွေကိုလဲ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

ColorOS 14 မိတ်ဆက်မယ့် အစီအစဉ်

ColorOS 14 Global Beta version ကို အောက်တိုဘာလက စပြီး သတ်မှတ်ထားတဲ့ နိုင်ငံဒေသတွေမှာ စတင်အသုံးပြုလို့ရပြီဖြစ်ပြီး Find N2 Flip အသုံးပြုသူတွေအတွက် ပထမဆုံး တရားဝင် Global Version ကို သတ်မှတ်ထားတဲ့ နိုင်ငံဒေသတွေမှာ ရရှိလာတော့မှာဖြစ်ပါတယ်။

AndesGPT၊ အားလုံးအတွက် အသုံးဝင်တဲ့ ဘာသာစကား Model နဲ့ AI Agent ကို ဖန်တီးခြင်း
OPPO အနေနဲ့ Self-trained ထားတဲ့ ဘာသာစကားဆိုင်ရာ AndesGPT ကို တရားဝင် မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Tool ရဲ့ အဓိက နည်းပညာဆိုင်ရာ လုပ်ဆောင်ချက်တွေကတော့ ဆွေးနွေးပြောဆိုမှုအပိုင်း အဆင့်မြှင့်တင်မှု၊ မိမိစိတ်ကြိုက် သီးသန့်ပြုပြင်ခြင်းနဲ့ Cloud-device ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပြီး ပင်မစွမ်းရည်တွေအနေနဲ့ Knowledge၊ Memory၊ Tool တွေနဲ့ Creation တွေအပေါ် အဓိက ဆောင်ရွက်နိုင်ပါတယ်။

OPPO အနေနဲ့ တရုတ်နိုင်ငံသာမက ပြည်ပမှာရှိတဲ့ အဓိကကျတဲ့ အဖွဲ့အစည်းပေါင်း ၄၅ ခုကျော်နဲ့အတူ AI နည်းပညာ လုပ်ငန်းမိတ်ဖက်ဆိုင်ရာ သဘောတူညီမှုတွေ တည်ဆောက်ထားပြီးဖြစ်ပါတယ်။ OPPO ဟာ မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာတစ်ဝန်းက Developer တွေအတွက် AI Agent Open Platform ကို စတင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းရှိ Developer တွေအနေနဲ့ ရေရှည် Open Ecosystem ကို တည်ဆောက်ရာတွင် ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ဖို့ OPPO ရဲ့ Software၊ Hardware နဲ့ ဝန်ဆောင်မှုတွေကို ပေါင်းစည်းခြင်း

OPPO အနေနဲ့ ကမ္ဘာတစ်ဝန်းက OPPO အသုံးပြုသူပေါင်း သန်း ၆၀၀ ကို ဝန်ဆောင်မှုပေးနိုင်ဖို့ Developer ပေါင်း ၃၂၀,၀၀၀ နဲ့ Creator ပေါင်း ၇၅၀,၀၀၀ တို့နဲ့ အတူ ပူးပေါင်းနေချိန်မှာ တစ်ပြိုင်တည်း Software၊ Hardware နဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ပေါင်းစပ်မှုကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ OPPO က ဝန်ဆောင်မှုဆိုင်ရာ Ecosystem ကို တည်ဆောက်ရာမှာ သုံးစွဲသူတွေအတွက် ပိုမိုစမတ်ကျပြီး အဆင်ပြေတဲ့ ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ဖို့ Application ဝန်ဆောင်မှုတွေ၊ Content ဝန်ဆောင်မှုတွေနဲ့ Go-global ဝန်ဆောင်မှုတွေရဲ့ စွမ်းဆောင်ရည်တွေကို တည်ဆောက်တဲ့အပိုင်းမှာ လုပ်ငန်းမိတ်ဖက်များနဲ့ အဓိက ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

OPPO ရဲ့ အင်တာနက်ဝန်ဆောင်မှုတွေက ပိုမိုကောင်းမွန်တဲ့ ပြည်တွင်းလုပ်ငန်းလည်ပတ်မှုတွေနဲ့ ပိုမိုတဲ့ Open System လုပ်ဆောင်မှုစွမ်းရည်တွေက တစ်ဆင့် Application နဲ့ Content ဖန်တီးရေးသားသူ Developer တွေအတွက် ပိုမိုတိုးတက်နိုင်စေမဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနေပါတယ်။ OPPO App Market အနေနဲ့ အရှေ့တောင်အာရှ၊ ဥရောပနှင့် ရုရှားမှာရှိတဲ့ အဓိက ဒေသတွေ အပါအဝင် နိုင်ငံနဲ့ ဒေသပေါင်း ၁၀၀ ကျော်ကို Application ပိုင်း ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ Content ပိုင်းနဲ့ ပတ်သက်လို့ OPPO ဟာ Content ပိုင်းဆိုင်ရာ ပိုမို တိတိကျကျ ထိရောက်မှု ရှိစေဖို့ Developer တွေအတွက် ပိုမိုလွတ်လပ်တဲ့ လုပ်ငန်းဆောင်ရွက်မှု၊ ပိုမို ပြည့်စုံတဲ့ Content ပုံစံတွေအပြင် ပိုမိုပြုပြင်လွယ်ပြီး ဝင်ရောက်လေ့လာ အသုံးပြုနိုင်မဲ့ နည်းလမ်းတွေနဲ့ ပံ့ပိုးပေးလျက်ရှိပါတယ်။

ဒါအပြင် OPPO က Ecosystem တစ်ခုတည်ဆောက်တဲ့အပိုင်းမှာ Developer တွေကို ပံ့ပိုးကူညီဖို့ ၂၀၂၄ ခုနှစ်အတွက် Gravity Plan ထဲမှာ RMB 2 ဘီလီယံတန်ဖိုးရှိ အရင်းအမြစ်တွေကို မျှဝေပေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ OPPO အနေနဲ့ ဝန်ဆောင်မှုတွေကို ပုံစံအသစ်နဲ့ ပေးဝေရာမှာ ပါဝင်ဆင်နွှဲဖို့ နောက်ထပ် Developer တွေကို ကြိုဆိုလျက်ရှိပါတယ်။

OPPO ကျန်းမာရေး လုပ်ဆောင်ချက်: အသုံးပြုတိုင်းနဲ့ မိသားစုတွေအတွက် ကျန်းမာရေး စောင့်ရှောက်ကူညီမှု

OPPO ရဲ့ ပန်းတိုင်ဖြစ်တဲ့ “Technology for Mankind, Kindness for the World” လို့ ဆိုတဲ့အတိုင်း OPPO ဟာ မကြာသေးမီ နှစ်တွေအတွင်းမှာ OPPO က အားကစားနဲ့ ကျန်းမာကြံ့ခိုင်ရေး၊ နှလုံးသွေးကြောကျန်းမာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အိပ်စက်ခြင်းအတွက် အခြေခံနည်းပညာအမျိုးမျိုးကို တီထွင်ခြင်းအပါအဝင် ကျန်းမာရေး နယ်ပယ်မှာ တိုးချဲ့ခဲ့ပြီး ဒီလုပ်ဆောင်ချက်တွေအားလုံးကတစ်ဆင့် OPPO စမတ်ဖုန်းတွေ၊ စမတ်နာရီတွေနဲ့ အခြား ထုတ်ကုန်တွေ ဖန်တီးနိုင်ဖို့ လမ်းစ တစ်ဖြည်းဖြည်း ရောက်ရှိလို့လာခဲ့ပါတယ်။ OPPO ကလဲ ယင်းရဲ့ Research App မှာ Healthy Lifestyle Training Camp၊ Cognitive Health Research၊ Cardiovascular Health Research နဲ့ မကြာခင်လာမဲ့ Sleep Health Research အပါအဝင် လက်ရှိတိုးတက်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ODC23 ပွဲမှာ OPPO ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ တီထွင်ထားတဲ့ OPPO Sense® Algorithm မှာ အဆင့်မြှင့် လုပ်ဆောင်ချက်တွေဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး၊ ကျန်းမာကြံ့ခိုင်မှုနဲ့ အိပ်စက်ခြင်းကို စောင့်ကြည့် တိုင်းတာပေးမဲ့ နောက်ဆုံးပေါ် စွမ်းဆောင်ရည်ပါဝင်မှုတွေကို ကြေညာခဲ့ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ကြံ့ခိုင်မှုဆိုင်ရာ Algorithm လုပ်ဆောင်ချက် Second-edition မှာတော့ အသစ်ထည့်သွင်းထားသော ကြက်တောင်ရိုက် အားကစားနဲ့ အပြေးလေ့ကျင့်ခန်းတွေနဲ့ ပတ်သက်ပြီး ကိုယ်ဟန်အနေအထားဆိုင်ရာ စောင့်ကြည့်မှတ်သားမှုတွေကို ပိုမို တိတိကျကျ လေ့လာသတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

OPPO အနေနဲ့ Open Ecosystem တစ်ခုကို ဆက်လက်စူးစမ်းရှာဖွေလေ့လာမှုအပိုင်းနဲ့ တည်ဆောက်မှုအပိုင်းမှာ Developer တွေနဲ့ Creator တွေအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ထားပြီး၊ အခြေခံနည်းပညာတွေ၊ သုတေသန လေ့လာမှုဆိုင်ရာ ပရောဂျက်တွေအပေါ် အခြေခံပြီး အသုံးပြုသူတစ်ဦးချင်းစီနဲ့ မိသားစုတွေအတွက် ကျန်းမာရေးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ပေးမဲ့သူအဖြစ်သာမက ကျန်းမာရေးဆိုင်ရာ မိတ်ဖက်ဖြစ်လာဖို့အတွက်လဲ မျှော်လင့်ပါတယ်။

OPPO #ColorOS14 #ODC23

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top