အက်တမ် (ATOM) က မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများကို ကူညီအားပေးနိုင်ရန် ‘မျှဝေခံစား အက်တမ်၏နှလုံးသား’ အစီအစဉ်ဖြင့် အစပျိုးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်

8.12.23-yyl-7.jpg

● မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း (၂၀၀) ကျော်မှ လူမှုအသိုင်းအဝိုင်းများကို အက်တမ် (ATOM) မှ စေတနာတုံ့ပြန်သောအားဖြင့် ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ ၏ ဒုတိယနှစ်အဖြစ် ‘မျှဝေခံစား အက်တမ်၏နှလုံးသား’ အစီအစဉ်ကို အစပျိုးဆောင်ရွက်သွားမည်။

● လှူဒါန်းမှုနှင့် ပါဝင်လှုပ်ရှားမှုပေါင်း (၄၀၀) နီးပါးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိသားစုပေါင်း (၁၁၂,၅၀၀) ကျော်အား ကောင်းကျိုးပြုနိုင်ရန် ရည်မှန်းထားသည်။

● အက်တမ် (ATOM) အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုအသိုင်းအဝိုင်းကူညီထောက်ပံ့ရေးများကို အဓိကထားသည့် ယခုကဲ့သို့ လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်များအတွက် မြန်မာငွေကျပ် သန်းပေါင်း (၅၆၀) ကျော်ကို ခွဲဝေအသုံးပြုရန် လျာထားသည်။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် နှစ်သစ်ကူးပွဲတော်အချိန်အခါသမယကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ‘မျှဝေခံစား အက်တမ်၏နှလုံးသား’ အစီအစဉ်ကို အစပျိုးလှုပ်ရှားမှုပေါင်းများစွာဖြင့် စတင်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများကို ကူညီအားပေးနိုင်ရန် ရည်ရွယ်ထားပြီး တစ်နိုင်လုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်သွားမည့် ဤအစီအစဉ်တွင် လှူဒါန်းမှုနှင့် ပါဝင်လှုပ်ရှားမှုပေါင်းများစွာပါဝင်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

ယမန်နှစ်အစီအစဉ်၏ အောင်မြင်မှုရလဒ်များအပေါ် အခြေခံပြီး စေတနာတုံ့ပြန့်လေ့ရှိသည့် ဓလေ့ထုံးတမ်းတန်ဖိုးများနှင့်အညီ အက်တမ် (ATOM) ၏ ‘မျှဝေခံစား အက်တမ်၏နှလုံးသား’ အစီအစဉ်သည် မကြာသေးမီကာလက သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသည့် လူမှုအသိုင်းအဝိုင်းများအပါအဝင် နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း (၂၀၀) ကျော်မှ လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။

ဤအစပျိုးလုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အက်တမ် (ATOM) သည် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုအသိုင်းအဝိုင်းကူညီထောက်ပံ့ရေးများကို အဓိကထားသည့် လှူဒါန်းမှုနှင့် ပါဝင်လှုပ်ရှားမှုပေါင်း (၄၀၀) နီးပါးအတွက် မြန်မာငွေကျပ် သန်းပေါင်း (၅၆၀) ကျော်ကို ခွဲဝေအသုံးပြုရန် လျာထားပြီးဖြစ်သည်။ အဆိုပါ အစီအစဉ်များအတွင်း မိသားစုပေါင်း (၁၁၂,၅၀၀) ကျော်အတွက် ဆန်နှင့် ခေါက်ဆွဲခြောက်များ၊ စာအုပ်နှင့် ဘောပင်များ၊ ဘာသာရေးဆိုင်ရာ လှူဒါန်းမှုများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် အပင်အိတ်များကဲ့သို့သော အိမ်တွင်းစိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့်ပစ္စည်းများနှင့် စားသောက်ကုန်များ ဝယ်ယူနိုင်သည့် လက်ဆောင်ဘောင်ချာများ အစရှိသည်တို့ကို ပေးအပ်သွားမည့် အစီအစဉ်များလည်း ပါဝင်သည်။ ထို့အပြင် အွန်လိုင်းမှ တစ်ဆင့်ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) ၏ Telemedicine အစီအစဉ်မှလည်း အခမဲ့ကွင်းဆင်း ကျန်းမာရေးတိုင်ပင်ဆွေးနွေးမှုများကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ယခု ‘မျှဝေခံစား အက်တမ်၏နှလုံးသား’ လှုပ်ရှားဆောင်ရွက်မှုများမှတစ်ဆင့် ဘုန်းကြီးကျောင်းများ၊ မိဘမဲ့ကလေးဂေဟာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ လူမှုအသိုင်းအဝိုင်းများ၊ လူငယ်များနှင့် မိသားစုများနည်းတူ အက်တမ် (ATOM) အသုံးပြုသူ customer များပါ အကျိုးခံစားခွင့်ရရှိသွားမည်ဖြစ်သည်။ အက်တမ် (ATOM) သည် မြန်မာနိုင်ငံအတွက် အင်္ဂလိပ်ပရီးမီးယားလိဂ် (English Premier League – EPL) ၂၀၂၃-၂၀၂၄ ခုနှစ် ဘောလုံးရာသီပံ့ပိုးကူညီသူဖြစ်သည်နှင့်အညီ လူငယ်များအတွက်လည်း ဘောလုံးအားကစားနှင့်သက်ဆိုင်သော လှုပ်ရှားမှုများကိုလည်း စီစဉ်ထားပြီးဖြစ်ပါသည်။

‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ အစပျိုးလှုပ်ရှားခဲ့မှုများသည် မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း နက်ရှိုင်းစွာ ကိန်းအောင်းတည်ရှိနေသော စေတနာတရားနှင့် စည်းလုံးညီညွတ်မှု၏တန်ဖိုးကို ထိန်းသိမ်းလေးစားရန်ဆိုသည့် အက်တမ် (ATOM) ၏ ကတိကဝတ်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်ခဲ့သော ‘ရောင်ပြန်မေတ္တာ အက်တမ်၏စေတနာ’ လှုပ်ရှားမှုကာလအတွင်း အက်တမ် (ATOM) သည် လူပေါင်း (၂၀၀,၀၀၀) ကျော်ကို အကျိုးပြုစေသော လှူဒါန်းမှုနှင့် ပါဝင်လှုပ်ရှားမှုပေါင်း (၂၀၀) ကျော်ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ လှုပ်ရှားဆောင်ရွက်မှုများတွင် ဆန်နှင့် စားသောက်ကုန်များ လှူဒါန်းမှု၊ မိဘမဲ့‌ကလေးဂေဟာများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို စာအုပ်နှင့် ဘောပင်များ ကူညီထောက်ပံ့ပေးမှု၊ ဘုရားများတွင် ဘုရားဖူးများကို ပဋ္ဌာန်းစာအုပ် ပေးအပ်လှူဒါန်းမှုနှင့် အခြား အဓိပ္ပာယ်ပြည့်ဝသော ကြိုးစားအားထုတ်မှုပေါင်းများစွာ ပါဝင်သည်။

‘မျှဝေခံစား အက်တမ်၏နှလုံးသား’ အစီအစဉ်နှင့်ပတ်သက်သော အက်တမ် (ATOM) ၏ လှုပ်ရှားဆောင်ရွက်မှုများကို နောင်လာမည့်ရက်သတ္တပတ်များတွင် အက်တမ် (ATOM) ဝက်ဘ်ဆိုဒ် www.atom.com.mm တွင်လည်းကောင်း၊ Facebook စာမျက်နှာ www.facebook.com/ATOMOfficialPage တွင်လည်းကောင်း၊ LinkedIn စာမျက်နှာ www.linkedin.com/company/atom-myanmar/ တွင်လည်းကောင်း အသီးသီးမျှဝေပေးသွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top