ဒီအမျိုးသားရဲ့လက်ထပ်ခွင့်တောင်းပုံက တမူးထူးခြားတယ်လို့ ဆိုရမှာပါ။ အိုဟိုင်းယိုးပြည်နယ်က လယ်သမား တင်မ် ဆူလီဗန်ဟာဆိုရင် သူ့ချစ်သူကောင်မလေးကို “Will You Marry Me, Caroline” ဆိုတဲ့ စာသားပါတဲ့ ၁၃ ဧကကျယ်ဝန်းတဲ့ ပြောင်းခင်းဝင်္ကပါကြီးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာပါ။

သူ အခုလိုလက်ထပ်ခွင့်တောင်းခဲ့ပြီး သူ လက်ထပ်ခွင့်တောင်းတာက အောင်မြင်ခဲ့တယ်ဆိုတာကို ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြောပြခဲ့တာပါ။ သူ့ကောင်မလေး ဘယ်တော့မှ မေ့မရနိုင်တဲ့ အရာတစ်ခုခု လုပ်ပေးချင်ခဲ့တယ်။ ပြောင်းခင်းဝင်္ကပါကို မြင်ပြီး သူ့ချစ်သူကောင်မလေး ဖြစ်သွားတဲ့မျက်နှာကို မြင်လိုက်ရတာက ဘယ်တော့မှ မေ့မရနိုင်တဲ့ အခိုက်အတန့်ပါပဲလို့ တင်မ်က ဆိုထားပါတယ်။
ပြောင်းခင်းကြီးကို ဂျက်လေယာဉ်နဲ့ သူ့ကောင်မလေးကို ပြခဲ့တာပါ။ လက်ထပ်ခွင့်တောင်းတဲ့စာနဲ့အတူ ရွှေဖရုံသီး ၃ လုံးကိုလည်း ပြောင်းဖူးခင်းမှာ ပုံဖော်ထားပါတယ်။ တင်မ်ဟာ ဇွန်လ ၃ ရက်နေ့က အခြားအလုပ်သမားတွေနဲ့အတူ computerized tractor တစ်စီးကို အသုံးပြုပြီး ပြောင်းတွေကို စတင်စိုက်ပျိုးခဲ့တာပါ။ အဲ့ဒီလနောက်ပိုင်းမှာ လက်ထပ်ခွင့်တောင်းတဲ့စာသားပုံပေါ်လာခဲ့ပါတယ်။

အခြားတစ်စုံတစ်ယောက်က ပြောင်းခင်းအပေါ်ကနေ ပျံသန်းကာ အဲ့ဒီပုံကို လူမှုကွန်ယက်မှာ တင်ပြီးတော့ သူ့ရဲ့Surprise ကို ဖျက်စီးလိုက်သလိုဖြစ်မှာ ဆိုးနေခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ ဘယ်သူမှ အဲ့ဒါကို တွေ့ပြီး လူမှုကွန်ယက်ပေါ်မတင်ခဲ့ပါဘူး။
Circle S Farms မှာ ဖန်တီးထားတဲ့ အဲ့ဒီပြောင်းခင်းဝင်္ကပါကို အခုဆောင်းဦးရာသီမှာ အများသူငှာလာကြည့်လို့ရအောင် ဖွင့်ပေးမှာဖြစ်ပါတယ်။ တင်မ်က သူ့ချစ်သူကောင်မလေးနဲ့ ၂၀၂၆ ခုနှစ် နွေရာသီမှာ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။
Ref: Ohio Man Plants Massive 13-Acre Corn Maze with Secret Marriage Proposal Hidden Inside
WL ( ရိုးရာလေး)

