ရောင်စုံအံစာတုံးကို အရောင်ညှိ ဖြေရှင်းပေးတဲ့ ဂင်းနစ်စံချိန်တင် စက်ရုပ်

cu1.gif

အမေရိကန်မှ ဆော့ဖ်ဝဲအင်ဂျင်နီယာနှစ်ဦးဖြစ်တဲ့ Jay Flatland နဲ့ Paul Rose တို့ဟာ ရောင်စုံအဖြေညှိအံစာတုံးကို ၁.၀၄၇ စက္ကန့်အတွင်း ဖြေရှင်းပေးနိုင်တဲ့စက်ရုပ်ကို တီထွင်လို့ ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

စံချိန်အရ လူသားများထက်လည်းမြန်ဆန်ပြီး စက်ရုပ်တွေထဲမှာလည်း ပထမဆုံးနဲ့အမြန်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ယင်းအတွက် လွန်ခဲ့တဲ့ခြောက်လကလည်း ဗီဒီယိုတင်ခဲ့ပြီး အဲ့တုန်းက စံချိန်ဟာ အနည်းငယ်ကြာပါတယ်။ သူတို့အနေနဲ့ဂင်းနစ်စံချိန်ရဖို့အတွက် ပြန်လည်ကြိုးစားမည်ဟု ပြောပြီး ပြင်ဆင်ခဲ့ရာ ယခုတစ်ခါတော့ (၁)စက္ကန့် စွန်းစွန်းလေးနဲ့အရောင်ညှိဖြေရှင်းပေးနိုင်တဲ့စက်ရုပ်ကို တီထွင်နိုင်ခဲ့ပါတယ်။ စက်ရုပ်ကို ခိုင်းဖို့အတွက် ဆော့ဖ်ဝဲကိုအသုံးပြုပြီး ကြားခံထိန်းပြီးလုပ်ပေးတာကတော့ 3D Printer တစ်လုံးဖြစ်ပါတယ်။ hardware, software ကြား ဆက်သွယ်ပေးတဲ့ပစ္စည်းလည်းပါဝင်ပြီး အရောင်တွေကိုခွဲခြားသတ်မှတ်ပေးဖို့ ကင်မရာကိုလည်း လေးဘက်လေးတန်မှာတပ်ဆင်ထားပါတယ်။

စက်ရုပ်ကို လည်ပတ်ဖို့အတွက်လည်း မော်တာကို တပ်ဆင်ထားပါတယ်။ Linux OS ပေါ်မှာ software ကို run ပြီး လက်တွေ့ ပြုလုပ်ပြသတဲ့ဗီဒီယိုကို https://youtu.be/ixTddQQ2Hs4 မှာ ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top