Google က မော်ဒယ်လ်မြင့် Pixel စမတ်ဖုန်းတွေကို ဈေးလျှော့ပြီးရောင်းချ

pixel_3_white_pink_1.jpg

စာဖတ်ပရိသတ်တွေထဲမှာ Google ရဲ့ Pixel စမတ်ဖုန်းတွေကို သဘောကျလို့ စွဲမြဲသုံးနေတဲ့သူတွေ ရှိလောက်မှာပါ။ ဒါဆိုရင်တော့ Google က သူတို့ရဲ့ Flagship Pixel ဖုန်းမော်ဒယ်လ် (၂) မျိုးကို Mid-range ဖုန်း Pixel 3a ရဲ့ ရောင်းဈေး ဒေါ်လာ (၄၀၀) နဲ့တူညီလုနီးပါးဈေးနှုန်းထိလျှော့ပြီး ရောင်းပေးနေပြီဆိုတာ သိအောင် သတင်းပေးပါရစေ။

Pixel 3 ကို မူရင်းဈေး ဒေါ်လာ (၈၀၀) ကနေ ဒေါ်လာ (၅၀၀) လို့ ဈေးလျှော့လိုက်တာကြောင့် Pixel 3a ရဲ့ဈေးနဲ့ဆို ဒေါ်လာ (၁၀၀) ပဲ ကွာပါတော့တယ်။ Pixel 3 XL ကိုလည်း မူရင်းဈေး ဒေါ်လာ (၉၀၀) ကနေ ဒေါ်လာ (၆၀၀) ကို ဈေးလျှော့ချလိုက်တာကြောင့် Pixel 3a XL ရဲ့ဈေး ဒေါ်လာ (၄၈၀) နဲ့ယှဉ်ရင် ဒေါ်လာ (၁၂၀) ပဲ ကွာတော့တာဖြစ်လို့ ဝယ်ပျော်တဲ့ဈေးဖြစ်လာပြီဆိုရမှာပါပဲ။

ဒေါ်လာ (၁၀၀) လောက်ပိုသုံးလိုက်တာနဲ့ Mid-range စမတ်ဖုန်း Pixel 3a အစား Pixel 3 Flagship စမတ်ဖုန်းကိုဝယ်လို့ရသွားမယ်လို့ယူဆနိုင်ပေမဲ့ တကယ်တော့ ဒီဖုန်း (၂) မျိုးအကြားမှာ ကွာဟချက် များများစားစား တော့ ရှိမနေပါဘူး။ ဖုန်းအသွင်အပြင်၊ OLED ဖန်သားပြင်နဲ့ RAM 4 GB ပါတာချင်းတူနေသလို ကင်မရာစွမ်းဆောင်ရည်မှာလည်း အတူတူလောက်ပါပဲ။ ကွာခြားနေတာက Pixel 3a ကို ပလပ်စတစ်ကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး Pixel 3 ကိုတော့ ဖန်သားကိုယ်ထည် နဲ့ ထုတ်လုပ်ထားတဲ့အချက်ပါ။ ဒါပေမဲ့ သုံးစွဲသူအများစုက ဖုန်းကာဗာတပ်ပြီးသုံးတတ်ကြလို့ နည်းပညာ အမြင်အရကြည့်ရင် ဖုန်းကိုယ်ထည်ဖန်တီးမှုအပိုင်းက သိပ်တော့အရေးမပါလှပါဘူး။

 

Pixel 3 ရဲ့ ဆယ်လ်ယ်ဖီကင်မရာက မြင်ကွင်းကျယ်နဲ့ရိုက်နိုင်တဲ့စနစ်ပါဝင်ပေမဲ့ Pixel 3a မှာ ဒီစနစ်မပါဝင်ဘဲ သာမန် ဆယ်လ်ဖီကင်မရာမျိုးကိုပဲသုံးထားတဲ့အချက်ကတော့ ပြောစရာအချက်ဖြစ်နေမှာပါ။ သတင်းတွေအရ တော့ Pixel 3a မှာ Pixel 3 မှာမပါလာတော့တဲ့ ဒေါ်လာ (၁၀၀) တန် Headphone တပ်သုံးနိုင်တဲ့ Headphone Jack ပါဝင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး Premium စာရင်းဝင် Flaship ဖုန်းတွေကို ဈေးလျှော့ရောင်းပေးတယ်ဆိုပေမဲ့ လာမယ့် အောက်တိုဘာလထဲမှာ ထပ်ထွက်လာတော့မယ့် Pixel 4 ကိုစောင့်လိုက်တာကတော့ ပိုကောင်းမယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ Pixel 4 မှာ Apple ရဲ့ Face ID လို မျက်နှာပြင်ဖတ်တဲ့စနစ် ပါလာမယ့်အပြင် လက်ဟန်ပြပြီး နားထောင်ချင်တဲ့သီချင်းကိုရွေးချယ်နိုင်တဲ့ လုပ်ဆောင်ချက်မျိုးလည်း ပါလာမှာဖြစ်လို့ပါ။ Radar Sensor Technology ကို စတင်ဖန်တီးစမ်းသပ်နေပြီး အကောင်းတကာ့ အကောင်း ဆုံးဆိုတဲ့ စွမ်းဆောင်ရည်တွေကို Pixel 4 မှာ ထည့်သွင်းပေးသွားမယ့်အကြောင်း Google ကလည်း အတိအလင်းကြေညာထားပါတယ်။

Ref: Business Insider “Google slashed the price of its premium flagship Pixel 3 smartphones down to $500”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top