ဓာတ်ပုံထဲမှာ အဆီပြန်နေတဲ့မျက်နှာမျိုး မဖြစ်ရအောင်

skin.png

စိုစွတ်တဲ့မိုးရာသီမျိုးမှာ အသားရေအဆီပြန်တာတွေ ဖြစ်လာတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားရင် ဓာတ်ပုံအတူတူရိုက်တဲ့အခါ ဓာတ်ပုံထဲမှာ ကိုယ့်ရဲ့မျက်နှာက အဆီပြန်နေတာက သိသာလို့နေလား။ အဲဒီလိုမျိုးဖြစ်လာရင် စိတ်ကသိကအောက်ဖြစ်ကြမှာပါ။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံထဲမှာ ကြည့်ကောင်းပြီး အဆီပြန်ခြင်းကင်းဝေးအောင် လုပ်လို့ရမယ့် နည်းလမ်းတချို့ကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

အသုံးပြုနေကျ Moisturiser ကို ပြောင်းသုံးကြည့်ပါ

သင် ပထမဆုံးလုပ်ရမှာက သင် ခါတိုင်းသုံးနေတဲ့ moisturiser ကို ပြောင်းသုံးကြည့်လိုက်ပါ။ ဂျယ်လ်ပါဝင်တဲ့ ရိုးရိုးခရင်မ်ကို သုံးကြည့်ပါ။ ဒါက အသားရေထဲကို အလျင်အမြန်စုပ်ယူနိုင်သလို သင့်အသားရေကို ရေဓာတ်ပြည့်နေစေမှာဖြစ်ပါတယ်။

အဆီပြန်ခြင်းထိန်းပေးတဲ့မျက်နှာသစ်ဆေးကို အသုံးပြုပါ

သင့်အသားရေက ခဏခဏ အဆီပြန်နေရင် နူးညံ့ပြီး အဆီပြန်ခြင်းထိန်းပေးတဲ့မျက်နှာသစ်ဆေးကို ဝယ်သုံးကြည့်ပါ။ အဲဒါက အဆီပြန်ခြင်းကင်းဝေးအောင် ကူညီပေးပါလိမ့်မယ်။

တိုနာအသုံးပြုပေးပါ

မျက်နှာသစ်ပြီးတဲ့အခါတိုင်း တိုနာကို အသုံးပြုပေးရပါမယ်။ အသားရေရဲ့ pH ပမာဏ ညီမျှအောင် ကူညီပေးမှာဖြစ်ပြီး အသားရေေပေါ်က မိတ်ကပ်အကြွင်းအကျန်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အယ်ကိုဟောပါဝင်တဲ့ တိုနာက အသားရေကို အဆီပြန်စေတာကြောင့် အဲဒီလို တိုနာမျိုးကို အသုံးမပြုမိပါစေနဲ့။

ရွှံ့စေးMask ကို အသုံးပြုကြည့်ပါ

သင့်အသားရေက အဆီပြန်နေရင် ရွှံ့စေး Mask ကို တစ်ပတ်တစ်ခါ အသုံးပြုပေးနိုင်ပါတယ်။ ရွှံ့စေးMask က အဆီပြန်တာကို ထိန်းပေးပြီး ဆားဝက်ခြံတွေကို ဖယ်ရှားပေးသလို အသားရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။

အဆီစုပ်စက္ကူကို အသုံးပြုပေးပါ

သင့်မျက်နှာက ခဏခဏ ချွေးထွက်ပြီး အဆီပြန်နေရင် အဆီစုပ်စက္ကူကို ကိုယ်နဲ့မကွာ ဆောင်ထားပါ။ ဒါမှ ပါးလွှာတဲ့ဆီစုပ်စက္ကူလေးတွေကို အသုံးပြုပြီး မျက်နှာပေါ်က စေးကပ်မှုတွေ၊ အဆီတွေကို တစ်နေ့လုံး ဖယ်ရှားပေးလို့ရပါတယ်။

Ref: TOI “5 ways you can avoid looking sweaty in photos”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top