OPPO Reno series အသစ်ဖြစ်သော Reno 10x Zoom နှင့် Reno စမတ်ဖုန်းတို့ကို ပြည်တွင်းတွင် မိတ်ဆက်ပေးတော့မည်

4-2.jpg

ကမ္ဘာပေါ်ရှိ စမတ်ဖုန်းသုံးစွဲသူများ၏ နှလုံးသားကိုသိမ်းပိုက်ထားနိုင်ခဲ့သော OPPO သည် အရည်အသွေး၊ လက်ရာနှင့် တစ်မူထူးခြားမှုတို့ကိုအလေးပေးထားသော ကိုယ်ပိုင်အမှတ်တံဆိပ်အသစ်တစ်ခုကို မကြာခင်က ဖော်ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၏ Counterpoint Research report အရ ကမ္ဘာ့စမတ်ဖုန်းလောကတွင် အတိုးတက်ဆုံးသောစမတ်ဖုန်းဖြစ်လာခဲ့သည့်အလျောက် OPPO သည် flagship စမတ်ဖုန်းလောကကို စတင်ချင်းနင်းဝင်ရောက်လာခဲ့ပါသည်။၂၀၁၈ ခုနှစ်တွင် ကမ္ဘာပေါ်တွင်အလှဆုံး စမတ်ဖုန်း ဟုသတ်မှတ်ထားကြသည့် OPPO Find X ကို မိတ်ဆက်ပေးခဲ့ပြီးနောက် စမတ်ဖုန်းချစ်သူများ၏ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါသည်။

ယခုအခါ 5G စမတ်ဖုန်းဖြစ်သော Reno 5G နှင့် ကမ္ဘာ့ပထမဆုံးသော 7nm အသုံးပြုထားသည့် Reno series ကို တရုတ်၊ ဥရောပနှင့် အိန္ဒိယ၌ မိတ်ဆက်ပေးခဲ့ပြီးသည့်နောက် OPPO Reno 5G သည် ဥရောပဈေးကွက်၌ ပထမဆုံးရောင်းချသည့်စမတ်ဖုန်းဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း အူရီးဒူးမြန်မာနှင့် ZTE Coporation တို့ ပူးပေါင်းပြီး 5G ကွန်ရက်ဖြန့်ကျက်နိုင်ရန် လေ့လာစမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် မကြာမီနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်လည်း 5G ကွန်ရက်ဖွံ့ဖြိုးလာပြီး OPPO Reno 5G ကဲ့သို့ 5G စမတ်ဖုန်းများလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်တော့မည် ဖြစ်ပါသည်။ ယခုအခါတွင် OPPO မှ အဆင့်မြှင့်စမတ်ဖုန်းဖြစ်သော OPPO Reno series အသစ်အား မြန်မာနိုင်ငံတွင် မိတ်ဆက်ပေးတော့မည် ဖြစ်ပါသည်။

OPPO Reno series အသစ်တွင် Reno နှင့် Reno 10x zoom ဟူ၍ နှစ်မျိုး ထွက်ရှိလာမည် ဖြစ်ပြီးစမတ်ဖုန်းနှစ်မျိုးလုံးတွင် screen-to-body ratio 93.1% ရှိသော Panoramic Screen နှင့် soft light ပါဝင်သည့် ကမ္ဘာ့ပထမဆုံးသော Pivot Rising Camera ပါဝင်လာမည် ဖြစ်ပါသည်။ ထို့အပြင် Reno နှင့် Reno 10x zoom နှစ်မျိုးလုံး တွင် In-display fingerprint 2.0 နှင့် face unlock လည်း ပါဝင်လာမည် ဖြစ်သည်။

OPPO Reno ၏ အနောက်ဘက် camera တွင် F/1.7 Aperture ပါဝင်သော 48MP Sony IMX 586 camera အပြင် Ultra Night Mode လည်းပါဝင်လာပါသည်။ Storage အနေနှင့်လည်း 8GB+128GB အထိပါဝင်လာပြီး 3765 mAh Battery နှင့် မိနစ်၈၀အတွင်း 0 to 100% အားအပြည့်သွင်းနိုင်မည့် VOOC 3.0 အမြန်အားသွင်းစနစ်လည်း ထည့်သွင်းပေးထားပါသည်။

OPPO Reno 10x zoom တွင် (၁၀) ဆထိချဲ့နိုင်သော 10x Hybrid zoom နှင့် 60x Digital zoom တို့အပြင် F/1.7 aperture နှင့် 48MP Sony IMX 586 main camera, 8MP 120° Wide-Angle cameraတို့ကိုလည်း တပ်ဆင်ပေးထားပါသည်။ ထို့အပြင် Snapdragon 855 ပါဝင်လာသောကြောင့် OPPO Reno 10x zoom ၏လုပ်ဆောင်ချက်များသည် ပိုမိုသွက်လက်မြန်ဆန်စေပါသည်။ 4065mAh Battery ကိုအသုံးပြုထားပြီး ဘက်ထရီအား သက်သာစေသည့် 7nm အဆင့်မြင့်နည်းပညာသုံး Octa Core CPU ကို တပ်ဆင်ပေးထားသည့်အပြင် စွမ်းအင်ကို ချွေတာပေးနိုင်သည့်စနစ်ကိုပါ ထပ်လောင်း ထည့်သွင်းပေးထားသည့်အတွက် ဘက်ထရီအားကုန်ခြင်းကို သက်သာစေမည် ဖြစ်ပါသည်။ OPPO Reno series ဖြစ်သော OPPO Reno နှင့် Reno 10x Zoom တို့ကို မြန်မာနိုင်ငံဈေးကွက်တွင် မကြာမီအချိန်အတွင်း မိတ်ဆက်ပေးသွားမည်ဟု သိရပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top