Live Action အဖြစ် ဖန်သားပြင်ထက်မှာ ကြည့်ရှုရမယ့် One Piece

30.8.23-yyl-27.jpg

ဂျပန်လူမျိုးကာတွန်းဆရာ အီးချီရိုအိုဒါ ဖန်တီးခဲ့တဲ့ အခန်းဆက်ကာတွန်း One Piece ကို Live Action အဖြစ် အသက်သွင်းထားတဲ့ စီးရီးက Netflix မှာ ဒီနေ့ထွက်ရှိလာတော့မှာပါ။ မနေ့က One Piece Live Action ရဲ့ နောက်ဆုံး trailer ကိုလည်း ထွက်ရှိခဲ့ပါတယ်။

One Piece က Manga နဲ့ ‌anime လောကမှာ အတော်လေးအောင်မြင်ထားတာပါ။ အခု One Piece Live Action ကိုလည်း anime ပရိသတ်တွေက နှစ်ခြိုက်ကြမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ One Piece Live Action ရဲ့ ပထမဆုံးအပိုင်း ၂ ပိုင်းကို ဥရောပနိုင်ငံတွေနဲ့ တချို့နိုင်ငံတွေမှာ အကြိုပြသမှုတွေပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ကြည့်ရှုသူတွေရဲ့တုံ့ပြန်မှု ကောင်းခဲ့တယ်လို့ သိရပါတယ်။

Live Action အဖြစ် ရိုက်ကူးထားတဲ့ One Piece စီးရီးက ဒီကနေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီဝန်းကျင်မှာ ထွက်ရှိလာမှာပါ။

Ref: One Piece Live Action

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top