မြင်းအလိမ္မာနဲ့ သိုးအလိမ္မာကို ပြကွက်တွေလုပ်ခိုင်းပြီး ဂင်းနက်စ်စံချိန် ၂ ခု ရယူနိုင်ခဲ့သူ

31.8.23-yyl-14.jpg

သြစတြေးလျအမျိုးသမီးတစ်ဦးဟာ မြင်းအလိမ္မာနဲ့ သိုးအလိမ္မာကို ပြကွက်တွေ လုပ်ခိုင်းပြီး ဂင်းနက်စ်စံချိန် ၂ ခု တင်နိုင်ခဲ့ပါတယ်။ နိုလိုင်းကက်ဆက်တရီဟာ သူ့ရဲ့မြင်းပုလေး ရိုစီနဲ့ သိုးလေး ဘီယာနီတို့ကို ပြကွက်တွေ လုပ်ခိုင်းခဲ့တာဖြစ်ပြီး ရိုစီက တစ်မိနစ်အတွင်း ပြကွက် ၁၃ ခု၊ ဘီယာနီက တစ်မိနစ်အတွင်း ပြကွက် ၁၁ ခု လုပ်ပြကာ ကမ္ဘာ့စံချိန်တင်ခဲ့ကြတာပါ။

သူငယ်ချင်းဖြစ်သူ မီဂန်ရိုင်မန်းက နွားငယ်လေး ဂို့စ်ကို ပြကွက်တွေ လုပ်ခိုင်းပြီး ဂင်းနက်စ် စံချိန် တင်ခဲ့ပြီးနောက် နိုလိုင်းကလည်း သူ့ရဲ့ မြင်းပုလေးနဲ့ သိုးလေးကို ပြကွက်တွေ သင်ပေးကာ ကမ္ဘာ့စံချိန်တင်နိုင်ဖို့ ကြိုးစားခဲ့တာပါ။

မြင်းပုလေး ရိုစီရဲ့ ပြကွက်တွေထဲမှာ ရပ်နေ၊ လျှောက်လာ၊ ပြုံးပြ၊ ခါးညွှတ်၊ ခေါင်းလောင်းတီ၊ ဖဲကတ်ဆွဲပြ စတဲ့ပြကွက်တွေ ပါဝင်ပြီး သိုးလေး ဘီယာနီကတော့ ရှေ့လက်မြှောက်၊ တပတ်လည်၊ ကွင်းထဲခုန်ဝင်ပြ စတဲ့ပြကွက်တွေ ပါဝင်ပါတယ်။

ဗီဒီယိုကိုကြည့်ရှုရန်

Ref: Australian woman’s talented horse, sheep earn world records for tricks

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top