Side Fingerprint ပါတဲ့ဈေးအတန်ဆုံး ဖုန်း realme C30s ကို စတင်ဝယ်ယူနိုင်ပြီ

13-12-2022-yyl41.jpg

လှပဆန်းသစ်သည့်အသွင်ဒီဇိုင်းနှင့် ဘေးဘက်ခလုတ်လက်ဗွေဖတ်စနစ် ပါဝင်သည့် realme C30s ကို ဒီဇင်ဘာလ (၁၂) ရက်နေ့မှစတင်ပြီးမြန်မာတစ်ပြည်လုံးမှ realme အရောင်းကောင်တာရှိသည့် ဖုန်းဆိုင်များတွင်ဝယ်ယူနိုင်ပါသည်။ realme C30s Basic Version ဖြစ်သော (RAM 2 + ROM 32) ကို ၂၆၉,၉၀၀ ကျပ်ဖြင့် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ မကြာခင်ရက်ပိုင်းအတွင်း (RAM 4 + ROM 64) ကို ၃၃၉,၉၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။

realme C30s နောက်ကျောဘက်ဒီဇိုင်းမှာ လက်ထဲကိုင်ထားလျှင် အလွယ်တကူ ချော်ကျမှုမရှိစေမည့် သေးငယ်သည့်လိုင်းအစင်းပါဝင်သော micro-texture anti-slip ဒီဇိုင်းမျိုးအဖြစ် ဖန်တီးပေးထားသည်။ Stripe Blue နှင့် Stripe Black အရောင် ၂ မျိုးမှ နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်ပါသည်။

အထူ – ၈.၅ မီလီမီတာ
အလေးချိန် – ၁၈၆ ဂရမ်
မျက်နှာပြင် – ၆.၅ လက်မ
ဘက်ထရီ – 5000 mAh
8MP AI နောက်ဘက်ကင်မရာ
5MP ရှေ့ဘက်ကင်မရာ
Octa-core Unisoc
Android 12 ကိုအခြေခံထားသည့် realme UI
Go Edition

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top