တစ်ခါသားမှာ သူငယ်ချင်းနှစ်ယောက် သဲကန္တာရကို ဖြတ်လျှောက်ကြတယ်။ ခရီးအတော်ပေါက်လာချိန်မှာ ငြင်းကြခုံကြရင်းနဲ့ တစ်ယောက်က နောက်တစ်ယောက်ကို ပါးရိုက်လိုက်တယ်။ ရိုက်ချက်က အားပါသွားလို့ အရိုက်ခံရသူက နာသွားပေမဲ့ ဘာတစ်ခွန်းမှ မပြောဘူး။ သဲပေါ်မှာတော့ စာရေးလိုက်တယ်။
” ဒီနေ့ အချစ်ဆုံးသူငယ်ချင်းက ငါ့ကို ပါးရိုက်တယ်”
သူတို့ ဆက်လျှောက်လာကြရင်းနဲ့ အိုအေစစ်လေးတစ်ခုကို သွားတွေ့တော့ ရေချိုးကြပါလေရော။ အဲဒီမှာ ပါးရိုက်ခံရတဲ့တစ်ယောက်က နွံထဲနင်းမိပြီး ရေနစ်နေလို့ သူငယ်ချင်းက သူ့ကို ကယ်ပေးခဲ့တယ်။ ရေပေါ်ကို ပြန်ရောက်လာချိန်မှာတော့ သူက ကျောက်တုံးပေါ်မှာ စာထွင်းပြီး ” ဒီနေ့ အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကို ကယ်ခဲ့တယ်”လို့ ရေးတယ်။
မင်းကို ငါ ပါးရိုက်မိတော့ သဲပေါ်မှာ စာရေးပြီး မင်းအသက်ကို ငါကယ်တာကျတော့ ကျောက်တုံးပေါ်မှာ စာထွင်းတာ ဘာကြောင့်လဲလို့ သူငယ်ချင်းက သူ့ကို မေးတယ်။ သူ့ရဲ့အဖြေကတော့ မှတ်သားစရာပါပဲ။
” တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင်လုပ်တဲ့အခါ သဲပေါ်မှာပဲ ချရေးလိုက်ပါကွာ။ ခွင့်လွှတ်မှုနဲ့တူတဲ့ လေလှိုင်းတွေက ဒါကို တိုက်စားသွားပါလိမ့်မယ်။တစ်ယောက်ယောက်က ကိုယ့်အကျိုးအတွက် ကျေးဇူးပြုတာမျိုးကျတော့ ကျောက်ထက်အက္ခရာတင်သင့်တယ် သူငယ်ချင်း။ ဘယ်လို လေလှိုင်းမျိုးကမှ တိုက်စားသွားလို့ မရအောင်ပေါ့”
သင်ခန်းစာ
ဘဝမှာ ကြုံရတဲ့ကိစ္စတိုင်းကို မှတ်သား၊ သိမ်းဆည်းထားဖို့ မလိုပါဘူး။ လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချလိုက်ပြီး ဆုပ်ကိုင်ထားသင့်တဲ့အရာကိုပဲ ဆုပ်ကိုင်ထားတာက သင့်ကို ပေါ့ပါးစေမှာပါ။
Team ( ရိုးရာလေး)