ကျောင်းသား/သူတွေ အံ့အားသင့်စေခဲ့တဲ့ အီဗန်စပီဂယ်နဲ့ မီရန်ဒါခါးတို့ရဲ့အလှူ

18-5-2022-yyl-14.jpg

Snapchat ကို ပူးတွဲတည်ထောင်သူ အီဗန်စပီဂယ်နဲ့ ဇနီးဖြစ်သူ ကမ္ဘာကျော် မော်ဒယ် မီရန်ဒါခါးတို့က လူပေါင်းရာချီ ပျော်ရွှင်စေမယ့် လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် အော်တစ် အနုပညာနဲ့ဒီဇိုင်းကောလိပ်က ကျောင်းသား/သူတွေအတွက် ကြွေးကျန်အားလုံး ဆပ်ပေးခဲ့တာပါ။

ဒါဟာ အော့တစ်ကောလိပ်သမိုင်းတစ်လျှောက် အကြီးမားဆုံး လှူဒါန်းမှု ဖြစ်ပါတယ်။ အီဗန်စပီဂယ်ဟာ စတန်းဖို့ဒ်တက္ကသိုလ်ကို မရောက်ခင်က အော့တစ်အနုပညာနဲ့ ဒီဇိုင်းကောလိပ်မှာ ပညာသင်ကြားခဲ့သူပါ။ သူ့ရဲ့ကျောင်းတော်ဟောင်းကို ပြန်ပေးဆပ်ချင်တဲ့စိတ်ကြောင့် ၂၀၂၂ စာသင်နှစ်မှာ ဘွဲ့ရခဲ့တဲ့ ကျောင်းသား/သူ ၂၈၅ ယောက်လုံးရဲ့ ကြွေးကျန်တွေကို ဆပ်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပါမောက္ခချုပ်က ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပြီး အံ့အားသင့်ပျော်ရွှင်သွားကြတဲ့ ကျောင်းသား/သူတွေက ခုန်ပေါက်ကခုန်ကြသလို တစ်ယောက်နဲံတစ်ယောက် ဖက်ငိုခဲ့ကြပါတယ်။ အီဗန်စပီဂယ်နဲ့ မီရန်ဒါခါးတို့ရဲ့ လှူဒါန်းမှုဟာ ဘွဲ့ရကျောင်းသား/သူတွေနဲ့ သူတို့မိသားစုတွေရဲ့ဘဝကို ပြောင်းလဲသွားစေပြီး ရည်မှန်းချက်၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အားပေးအားမြှောက် ဖြစ်စေလိမ့်မယ်၊ လူမှုအဖွဲ့အစည်းအတွက် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာစေလိမ့်မယ်လို့ ပါမောက္ခချုပ် ဟစ်ရွှန်းက ပြောပါတယ်။

Ref: SunnySkyz ” Snapchat Co-Founder Pays Off College Debt Of New Graduates At L.A. Art School”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top