အကောင်းဆုံးဓာတ်ပုံပညာနှင့် ဂိမ်းကစားမှုအတွေ့အကြုံများကို ပေးစွမ်းနိုင်မည့် OPPO A53 မြန်မာနိုင်ငံ ဈေးကွက်သို့ ရောက်ရှိ

OPPO-A53-Main-Photo.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ အကောင်းဆုံးဓာတ်ပုံပညာနှင့် ဂိမ်းကစားမှု အတွေ့အကြုံများကို ပေးစွမ်းနိုင်သည့် OPPO A53 ကို အောက်တိုဘာလ (၆) ရက်နေ့စ၍ စတင်မိတ်ဆက်လိုက်ဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်တွင်၂၃၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း OPPO မှ တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

OPPO A53 တွင် Flagship Level စမတ်ဖုန်းများတွင်သာ တွေ့နိုင်သော မြန်ဆန်သည့် 90Hz High Refresh Rate ကို ပေးစွမ်းနိုင်မည့် 6.5-inch 90Hz Neo-Display ၊ Punch-hole screen ကို ထည့်သွင်းတပ်ဆင်ထားသောကြောင့် ပိုမို ကောင်းမွန်ချောမွေ့သော စမတ်ဖုန်းကြည့်ရှုခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဈေးကွက်ထဲ ဖြန့်ချိမည့် OPPO A53 ကို အကြီးမားဆုံးသော 5000mAh ဘက်ထရီနှင့် 18W Fast Charge စနစ်ကို အသုံးပြုထားသောကြောင့်လည်း ဗီဒီယိုကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းများကို ပို၍ကြာရှည်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

OPPO A53 ၏ ကိုယ်ထည်ကို 3D သက်တံ့လှိုင်းဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး ခေတ်မီဆွဲဆောင်မှုရှိသော အရောင်များဖြစ်သည့် Fancy Blue အရောင်နှင့် ပင်လယ်လှိုင်းများ၏ အသွင်ကိုယူလျက် လင်းလက်တောက်ပသော ရောင်စဥ်တန်းများပုံစံများဖြင့် ဖန်တီး ထားသည့် Electric Black အရောင်ဟူ၍ အရောင် (၂) ရောင်ကို ရွေးချယ်နိုင်မည်ဖြစ်ပြီး မြန်မာကျပ်ငွေ ၂၃၉,၉၀၀ ကျပ်ဖြင့် အောက်တိုဘာလ (၆) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ OPPO အရောင်းဆိုင်များနှင့် shop.com.mm တို့တွင် ပို့ဆောင်ခ အခမဲ့တို့ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ထို့ပြင် OPPO A53 ဝယ်ယူသူများအတွက် Mytel 6GB package များ လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။

OPPO A53 ၏ 16MP Front Camera သည် အမြင့်ဆုံး Pixel ထောက်ပံ့ထားသည့်အတွက် Selfie ပုံရိပ်တိုင်းကို အကောင်းဆုံး ရိုက်ကူးနိုင်မည်ဖြစ်သည့်အပြင် 13MP Main Camera၊ 2MP Macro Camera နှင့် 2MP Depth Camera ဟူ၍ Rear Camera ၃ လုံးပါရှိသောကြောင့် အနီးအဝေး မြင်ကွင်းအားလုံးကို အချိန်တိုအတွင်း ကြည်လင်စွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့ပြင် Front Camera တွင် AI Beautification ပါဝင်သောကြောင့် Selfie ရိုက်ကူးရာတွင် အသားအရေကို အလိုအလျောက် ထိန်းညှိပေးပြီး ပတ်ဝန်းကျင် အလင်းအမှောင်ကိုပါ အဆင်ပြေစေရန် ပြုလုပ် ပေးသွားမည်ဖြစ်သည်။ ထို့အတူ Rear Camera တွင် ဆန်းသစ်သောကင်မရာ Feature များဖြစ်သည့် Portrait Bokeh၊ Dazzle Colour Mode တို့ကို အသုံးပြု၍ Stylish filters များ ထည့်သွင်းထားကာ ဓာတ်ပုံ၊ ဗီဒီယိုများကို စိတ်တိုင်းကျ ပုံဖော်ရိုက်ကူးနိုင်မည်သာမက Macro Lens ဖြင့် အင်းဆက်များ၊ အစားအစာများနှင့် အခြားသေးငယ်သော အစိတ်အပိုင်းများကို 4cm အနီးကပ်ရိုက်ချက်ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

OPPO A53 တွင် 4+64G Memory ပါရှိကာ 256GB Micro-SD အထိ အပိုထပ်ထည့်နိုင်အောင် ပံ့ပိုးထားသောကြောင့် သီချင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို စိတ်ကြိုက်သိမ်းထားနိုင်မည်ဖြစ်သည်။ OPPO A53 တွင် 90Hz Display ပါရှိပြီး ဈေးနှုန်းတူဖုန်းများထဲတွင် အကောင်းဆုံး Display ရှိသော ဖုန်းဖြစ်သည်။ ထို့ပြင် 120Hz Touch Sampling Rate ရှိသောကြောင့် Facebook နှင့် Twitter များကို ၅၀ ရာခိုင်နှုန်း ပိုမိုချောမွတ်စွာ အသုံးပြုနိုင်ပြီး ကောင်းမွန်သည့် System Animation များနှင့် ချောမွတ်သော ဖုန်းအသုံးပြုမှု စားချက်ကို ရရှိစေမည်ဖြစ်သည်။ OPPO A53 ၏ AI Brightness လုပ်ဆောင်ချက်သည် ဖုန်း၏ နောက်ခံအလင်းကို ထိန်းညှိပေးပြီး ပတ်ဝန်းကျင်နှင့် အသုံးပြုသူ၏ နှစ်သက်မှုကို လိုက်၍ အလိုအလျောက် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးသည့်အတွက် မျက်လုံးထိခိုက်မှု မရှိစေရေးအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။ ထို့ပြင် Qualcomm ၏ Snapdragon Octa-core 460 processor တပ်ဆင် ထားသောကြောင့် အချိန်ကြာရှည်စွာ အသုံးပြု၍ ဖြစ်ပေါ်စေတတ်သော ဖုန်းထစ်ခြင်း၊ ဟန်းခြင်း ပြဿနာများကို ဖြေရှင်း ပေးမည်ဖြစ်သည်။

OPPO A53 တွင် Studio Speaker ၂ ခုကို တပ်ဆင်ပေးထားသောကြောင့် စွမ်းရည်မြင့်မားသော 3D Audio အရည်အသွေးကို ရရှိစေမည်ဖြစ်သည်။ 5000mAh ဘက်ထရီနှင့်အတူ 18W Fast Charge စနစ် ထောက်ပံ့ထားသော ကြောင့်လည်း ၄၄ မိနစ် အားသွင်းရုံဖြင့် ၅၀ ရာခိုင်နှုန်းကို လည်းကောင်း၊ ၁၃၃ မိနစ် အားသွင်းရုံဖြင့် ၁၀၀ ရာခိုင်နှုန်းကို လည်းကောင်း အားအပြည့်အဝ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် Super Power Saving Mode နှင့် Sleep Standby Optimization တို့လို ထူးခြားသော လုပ်ဆောင်ချက်များ ထပ်ဆောင်းပါဝင်လာသည်သာမက ColorOS 7.2 နှင့်အတူ ထွက်ရှိလာပြီး သုံးစွဲသူများ၏ နေ့စဥ်ဘဝတွင် ထိရောက်အကျိုးရှိစေမည့် လုပ်ဆောင်ချက်များဖြစ်သည့် Music Party, Multi-User Mode, Icon Pull-Down Gesture နှင့် Simple Mode တို့လည်း ပါဝင်လာသည်။ OPPO A53 နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက OPPO A53 Website Page နှင့် OPPO Myanmar ၏ A53 Facebook Page တို့တွင် ဝင်ရောက် လေ့လာနိုင်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top