OPPO မှ Reno5 စမတ်ဖုန်းအသစ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံဈေးကွက်သို့ တရားဝင် စတင် မိတ်ဆက်ပေးတော့မည်

Main-Photo.jpg

ကမ္ဘာထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် ၂၀၂၁ ခုနှစ်အတွက် Trendsetter ဖြစ်လာမည့် Diamond Spectrum ပုံစံဖြင့် ပထမဦးဆုံး ပြုလုပ်ထားပြီး သူမတူသော AI Mixed Portrait၊ Dual View Video နှင့် AI Highlight Video စသည့် ဗီဒီယိုလုပ်ဆောင်ချက်များ ပါဝင်လာသည့် Reno Series အသစ် OPPO Reno5 ကို “Picture Life Together” ဟူသော ဆောင်ပုဒ်နှင့်အတူ မြန်မာနိုင်ငံဈေးကွက်သို့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စတင် မိတ်ဆက်ပေးတော့မည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။

စိန်ကဲ့သို့ တောက်ပသော အဆင့်မြင့် အသွင်အပြင်နှင့် ကောင်းမွန်သော ဓာတ်ပုံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအပြင် AMOLED Screen၊ 90Hz Screen Refresh Rate နှင့် 50W Flash Charge စနစ်တို့ ပါဝင်သော အားလုံး စောင့်မျှော်နေကြသည့် OPPO Reno5 တရားဝင် မိတ်ဆက်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက် (ကြာသပတေးနေ့)၊ ည ၇ နာရီ အချိန်တွင် ပြည်သူချစ် အနုပညာရှင်များနှင့်အတူ စိတ်လှုပ်ရှားဖွယ် အစီအစဉ်များ၊ ဖျော်ဖြေတင်ဆက်မှုများဖြင့် OPPO Myanmar Official Facebook Page တွင် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။

“Picture Life Together” ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ထွက်ရှိလာတော့မည့် OPPO Reno5 မိတ်ဆက်ပွဲ အခမ်းအနားကို OPPO Brand Ambassador ဝတ်မှုံရွှေရည်၏ တက်ရောက် အားဖြည့်မှုနှင့်အတူ အခြား OPPO မိသားစုဝင် အနုပညာရှင်ဖြစ်သည့် အဆိုတော် အောင်ထက်၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ဂျင်မီကိုကို၊ Zuko၊ Meow Meow နှင့် Junior Creative တို့၏ ဆန်းသစ်သော အကလှကွက် ဖျော်ဖြေတင်ဆက်မှုများနှင့် တမူထူးခြားသော Street King ၏ Magic Show အစီအစဉ်များဖြင့် ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည်။

OPPO Reno5 ကို ကမ္ဘာ့ပထမဆုံး Diamond Spectrum ပုံစံဖြင့် အထူးပြုလုပ်ထားပြီး မိမိစိတ်ကူးသမျှအရောင်များကို ဖုန်းတစ်လုံးထဲတွင် တွေ့မြင်နိုင်စေမည် ဖြစ်သည်။ ထို့ပြင် 3D Back Body Design နှင့် ၁၀၀ ရာခိုင်နှုန်း လက်ဗွေရာမထင်သော ပုံစံဖြင့် အဆင့်မြင့်ဖန်တီးထုတ်လုပ်ထားသောကြောင့် ဖုန်းကာဗာတပ်စရာမလိုဘဲ အလွန်သက်သောင့်သက်သာရှိသော ထိတွေ့မှုကို သုံးစွဲသူများအား ကြုံတွေ့စေနိုင်မည်ဖြစ်သည်။ OPPO Reno5 ကို ပါးလွှာ ပေါ့ပါးစေရန်အတွက် အလေးချိန် 171g ဖြင့်သာ ဖန်တီးပြုလုပ်ထားပြီး သာလွန်ထူးကဲသော ဗီဒီယိုလုပ်ဆောင်ချက်များလည်း ပါဝင်လာမည်ဖြစ်သည်။ ထို့ပြင် မြန်ဆန် ချောမွေ့သော စွမ်းဆောင်ရည်ကောင်းမွန်သည့် Qualcomm Snapdragon 720G နှင့် သုံးစွဲသူများ၏ နေ့ထိုင်မှုဘဝကို တိုးတက်စေရန် ပိုမိုကောင်းမွန်သော AI-enhanced Sensing Algorithm တို့ ပါဝင်လာမည်ဖြစ်သည်။

OPPO Reno5 တရားဝင် အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားကို OPPO Myanmar Facebook Page မှ တစ်ဆင့် Livestream ကြည့်ရှုနေကြသော OPPO ချစ်ပရိသတ် များအတွက် OPPO Reno5 နှင့် OPPO Watch တို့ ကံထူးနိုင်မည့် အထူးအစီအစဥ် များကို ထည့်သွင်းပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် Live ထုတ်လွှင့်နေစဉ်တစ်လျှောက်လုံးတွင်လည်း ၅၀၀,၀၀၀ ကျပ် တန်ဖိုးရှိ ဖုန်းဘေလ်များ မဲဖောက်ပေးသွားမည့် Peak Viewer Challenge အစီအစဉ်ကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ကြည့်ရှုသူ 10K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill ၁၀ ခု၊ 20K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၂၀ နှင့် 30K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၃၀ ကို မဲဖောက်ပေးသွားမည်ဖြစ်သောကြောင့်OPPO Reno5 ရဲ့ Livestream ကို လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top