ဇန်နဝါရီလ ၁၄ ရက်ကျရင် အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံမယ်

12-1-2021-yyl06.jpg

အင်ဒိုနီးရှားနိုင်ငံမှာတော့ လာမယ့်ကြာသပတေးနေ့ကစပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတော့မှာပါ။ စမ်းသပ်ထိုးနှံမှုတွေအရ ကိုဗစ်-၁၉ ရောဂါကို ၆၅.၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးစောင့်ကြည့်ရေးအေဂျင်စီ (BPOM) က တရုတ်ဆေးကုမ္ပဏီ Sinovac Biotech ရဲ့ ကာကွယ်ဆေးကို ဇန်နဝါရီလ ၁၁ ရက်မှာ အရေးပေါ်အသုံးပြုခွင့်ပေးခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ရောဂါကူးစက်ခံရသူ ၈၃၀,၀၀၀ ကျော်၊ သေဆုံးသူ ၂၄,၀၀၀ ကျော် ရှိပါတယ်။ ဇန်နဝါရီလ ၁၄ ရက်ကစပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်နယ် ၃၄ ခုမှာ ကာကွယ်ဆေးထိုးနှံရေးစီမံကိန်း စတင်မှာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ CoronaVac ကာကွယ်ဆေး အဖုံရေ ၃ သန်း ရရှိထားပြီး ဒီတစ်ပတ်ထဲမှာ နောက်ထပ် အဖုံရေ ၁၅ သန်း ထပ်မံရရှိမှာပါ။ ဒါ့အပြင် ဒီနှစ်နှောင်းပိုင်းကျရင် Pfizer-BioNTech နဲ့ AstraZeneca ကုမ္ပဏီတွေရဲ့ ကာကွယ်ဆေး အဖုံရေ သန်း ၅၀ ရရှိမှာပါ။ တရုတ်နိုင်ငံရဲ့ CoronaVac ကာကွယ်ဆေး ထိုးနှံမယ့်နိုင်ငံတွေထဲမှာ ဘရာဇီး၊ ယူကရိန်း၊ ထိုင်း၊ စင်ကာပူနိုင်ငံတွေလည်း ပါဝင်နေပါတယ်။

Ref: Straits Times ” Indonesia grants emergency use approval to Sinovac’s vaccine, local trials show 65% efficacy “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top