ဆိုလာပြားတွေမီးလောင်ပျက်စီးသွားမှုကြောင့် Walmart က Tesla ကိုတရားစွဲ

thesiliconreview-walmart-sues-tesla-for-defective-solar-panels.jpg

ဝေါလ်မတ်စတိုးဆိုင်တချို့မှာတပ်ဆင်အသုံးပြုနေတဲ့ ဆိုလာပြားတွေ မီးလောင်ကျွမ်းပျက်စီးခဲ့မှု ကြောင့် ဒေါ်လာသိန်းချီဆုံးရှုံးသွားရတဲ့ လက်လီဈေးဆိုင်လုပ်ငန်းကုမ္ပဏီကြီး ဝေါလ်မတ် (Walmart) က နည်းပညာကုမ္ပဏီ တက်စ်လာ (Tesla) ကို တရားစွဲဆိုလိုက်ပါတယ်။

တက်စ်လာဟာ လုပ်ငန်းစံနှုန်းတွေအတိုင်းကတိမတည်၊ တာဝန်ယူမှု၊ တာဝန်ခံမှုလည်းမရှိဘူး လို့ ဝေါလ်မတ်က ဝေဖန်ပြစ်တင်ထားပြီး တက်စ်လာဘက်ကတော့ ပြန်ဖြေရှင်းချက်ပေးတာ မတွေ့ရပါဘူး။

ဝေါလ်မတ်က တက်စ်လာရဲ့ ဆိုလာဓာတ်အားစနစ်ကို စတိုးဆိုင်ပေါင်း (၂၄၀) မှာ အသုံးပြုနေတာပါ။

မီးလောင်မှုဖြစ်လာစေနိုင်တဲ့ချွတ်ယွင်းချက်မျိုးကို စေ့စေ့စပ်စပ်ရှာဖွေပြီး ပြင်ဆင်ထိန်းသိမ်း ပေးတာမျိုး လုံးဝကိုမရှိခဲ့ဘူးလို့ ဝေါလ်မတ်က အခိုင်အမာပြောခဲ့သလို သူတို့ရဲ့ ရှေ့နေဖြစ် သူကလည်း ဆိုလာပြားအများအပြားမီးလောင်ပျက်စီးရတာက တက်စ်လာရဲ့ နည်းလမ်းမကျ တဲ့လုပ်ငန်းစံနှုန်းတွေနဲ့ ထိန်းသိမ်းပြင်ဆင်မှေုပိုင်းအားနည်းချက်ကြောင်းကို အထင်အရှားပြနေတယ်လို့ ဆိုထားပါတယ်။

Ref: The Verge “Walmart sues Tesla over several solar panel fires caused by negligence”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top