V7+ ရဲ့ ထူးခြားတဲ့ feature တွေက ဘာတွေ ဖြစ်မလဲ

vivo-v7-plus-0.jpg

V7+ လို့ပြောလိုက်တာနဲ့ 24MP ကြည်လင်ပြတ်သားတဲ့ Selfie လို့ ပြေးမြင်ကြမှာပါ။
V7+ က ကမ္ဘာ့ mega pixel အများဆုံး အရှေ့ကင်မရာနဲ့ ထုတ်လုပ်ထားတာဖြစ်သလို Selfie ရိုက်လို့အကောင်းဆုံး ထိပ်တန်းစမတ်ဖုန်းတွေထဲမှာလည်း ပါဝင်နေပါတယ်။ V7+ ဟာ ဘာကြောင့် ကြည်လင်ပြတ်သားတဲ့ Selfie ပုံတွေကို ရိုက်ကူးနိုင်တာလဲ၊ ဘာကြောင့် Selfie ချစ်သူတွေကို ဆွဲဆောင်နိုင်တာလဲဆိုတာကို လေ့လာကြည့်တဲ့အခါ အဓိက အချက် ၇ ချက်ကို တွေ့ရှိရပါတယ်။

24MP image sensor

V7+ ရဲ့ 24MP အရှေ့ကင်မရာက လက်ရှိအချိန်မှာ ကမ္ဘာ့ mega pixel အများဆုံးအဖြစ် ဦးဆောင်နေဆဲပါ။ များပြားတဲ့ pixel တွေက ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို သိမ်းယူထားနိုင်ပါတယ်။ အဓိက ပုံရိပ်အပြင်၊ နောက်ခံမြင်ကွင်းတွေကအစ ကြည်လင်ပြတ်သားတဲ့ သိသာခြားနားမှုကို ရရှိတာ တွေ့မြင်နိုင်ပါတယ်။ ဒါကတော့ အဓိက ဆွဲဆောင်မှုပဲ ဖြစ်ပါလိမ့်မယ်။

မျက်နှာအလှပြုပြင်စနစ် 7.0

မျက်နှာအလှ ပြုပြင်စနစ် 6.0 က ရေပန်းစား လူကြိုက်များခဲ့တဲ့အတွက် Vivo က ထပ်ပြီး အဆင့်မြှင့်တင်ခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျက်နှာ အလှပြုပြင်စနစ် 7.0 မှာ နောက်ခံအလင်း ချိန်ညှိခြင်းနဲ့ တောက်ပမှုဆိုင်ရာ ချိန်ညှိခြင်းတွေကို အဖြေရှာနိုင်ခဲ့တာကြောင့် အသားအရောင်ကို ပိုပြီး စိုပြေကြည့်ကောင်းအောင် ပြုပြင်နိုင်သွားပါတယ်။ အလင်းရောင်ဖျော့တဲ့ နေရာမှာဆိုရင်တောင်မှ ပိုပြီး သဘာဝဆန်တဲ့ အသားအရောင်ကို ပြုပြင် ရယူနိုင်တာကို တွေ့ရပါတယ်။ ဒါကလည်း Selfie ပုံကောင်းတစ်ပုံဖြစ်ဖို့ အရေးကြီးတဲ့ ထောက်ပံ့မှုဆိုတာ ငြင်းလို့မရပါဘူး။

နောက်ခံဝေဝါးပေးတဲ့စနစ်

V7+ ရဲ့ နောက်ခံဝေဝါးပေးတဲ့စနစ်က Selfie အလှပုံတိုင်းမှာ အဓိကပုံရိပ်ကို ပေါ်လွင်ထင်ရှားအောင် ထောက်ပံ့ပေးပါလိမ့်မယ်။ ဒီစနစ်ကြောင့် နောက်ခံရှုခင်းတွေက ဝေဝါးသွားပြီး အလှပုံရိုက်သူကတော့ ဓာတ်ပုံထဲမှာ ဆွဲဆောင်မှုရှိရှိနဲ့ ထင်ရှားစွာလှပနေမှာပါ။ ဒီအချက်က Selfie သမားတွေရဲ့စိတ်ကို သေချာပေါက် ဆွဲဆောင်နေမှာပါ။

Video ဖုန်းခေါ်ဆိုမှုအတွက် မျက်နှာ အလှပြုပြင်စနစ်

ဒီနေ့ခေတ်မှာ ချစ်သူခင်သူတွေနဲ့ အလှမ်းဝေးတဲ့နေရာ ရောက်နေရင်တောင် မျက်နှာချင်းဆိုင်ဖို့က မခက်ခဲတော့ပါဘူး။ ဒီလိုအချိန်မျိုးမှာ တစ်ဘက်လူကို ကိုယ့်ရဲ့ အလှဆုံးပုံရိပ်ပဲ မြင်စေချင်တတ်ကြတာ သဘာဝပါ။ V7+ ရဲ့ မျက်နှာ အလှပြုပြင်စနစ်က ဓာတ်ပုံရိုက်တာမှာတင် သုံးလို့ရတာ မဟုတ်တော့ပါဘူး။ Video ဖုန်းခေါ်ဆိုမှုအတွက်လည်း အသုံးပြုလို့ရပါတယ်။ အသုံးများတဲ့ Video ဖုန်းခေါ်ဆိုမှု ဆော့ဖ်ဝဲတွေနဲ့ ချောမွေ့စွာ အလုပ်လုပ်နိုင်တာကလည်း V7+ ရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။

Face Access

V7+ ဟာ FullView Display ဖြစ်တာကြောင့် fingerprint ကို နောက်ကျောဘက်ဆီ ရွှေ့ထားလိုက်ရပါတယ်။ ဒါပေမယ့် အလွယ်တကူ lock ဖွင့်ချင်သူတွေအတွက် Face Access က အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။ ဖုန်းစခရင် ပိတ်နေတယ်ဆိုရင်တောင် V7+ ရဲ့ အသစ်စက်စက် မျက်နှာဖြင့် ဖွင့်ခြင်းစနစ်က ဖုန်းကို ကောက်ကိုင်ပြီး မျက်နှာနား ကပ်လိုက်ရုံနဲ့ အလိုအလျောက် lock ပွင့်သွားစေမှာ ဖြစ်ပါတယ်။

အဖွဲ့လိုက် Selfie

ဟိုအရင်တုန်းကတော့ အဖွဲ့လိုက် Selfie ဆွဲကြမယ်ဆိုရင် ကင်မရာဘောင်ထဲ လူအကုန်မဆံ့တာမျိုး ဖြစ်တတ်ကြပါတယ်။ အခုတော့ V7+ က အဖွဲ့လိုက် Selfie အတွက် အကောင်းဆုံး အဖြေကို ရှာဖွေပေးထားပါတယ်။ လူတိုင်းက အကောင်းဆုံးပုံစံနဲ့ ကြည့်လို့ကောင်းနေမှာ ဖြစ်တဲ့အပြင် နောက်ခံမြင်ကွင်းတွေကအစ ကြည့်ရတာ သိပ်ကို ကောင်းမွန်နေပါလိမ့်မယ်။

Game Mode

ဒီနေ့ခေတ်မှာ စမတ်ဖုန်းနဲ့ ဂိမ်းမကစားဘူးဆိုတာ မရှိသလောက်ပါပဲ။ ကစားပြီဆိုရင်လည်း နိုင်ချင်ကြတာပါပဲ။ အသည်းအသန် ကစားနေရတုန်းမှာ ဖုန်းဝင်လာလို့ ပျက်သွားတာမျိုး၊ ရှုံးသွားတာမျိုး မဖြစ်ချင်ကြပါဘူး။ Game Mode ကတော့ အနှောက်အယှက်တွေကို တားဆီးပေးမှာပါ။ ကိုယ့်ဆီ ဖုန်းဝင်လာပေမယ့်လည်း ပျက်သွားတာမျိုး မဖြစ်တော့ပါဘူး။ ဝင်လာတဲ့ဖုန်းကို အေးအေးဆေးဆေးပဲ ငြင်းပယ်လိုက်လို့ရပါတယ်။ ဒါကိုလည်း V7+ ရဲ့ ဆွဲဆောင်နိုင်တဲ့ အချက်ထဲက တစ်ခုအဖြစ် သတ်မှတ်လိုက်ရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top