နယူးယော့ခ်မြို့မှာ ရှိတဲ့ ကမ္ဘာ့စံချိန်တင် ခရစ္စမတ်မီးအလှဆင်ပြသမှု

15.12.23-yyl-6.jpg

နယူးယောခ့်မြို့က အိမ်တစ်အိမ်မှာ ခရစ္စမတ်မီးအလှဆင်ထားမှုဟာ လူပေါင်း ၅၀၀၀၀ ကျော်ကို လာရောက်ကြည့်ရှုစေခဲ့ပါတယ်။ အဲဒီအိမ်က တီမိုသီနဲ့ ဂရေးဂေးတို့စုံတွဲရဲ့အိမ်ဖြစ်ပြီး သူတို့က အခုလိုခရစ္စမတ်မီးအလှဆင်မှုကြောင့် ၂၀၁၄ ခုနှစ်ကတည်းက ကမ္ဘာ့စံချိန်မှတ်တမ်းကိုင်ဆောင်ထားခဲ့တာပါ။

အခုနှစ်မှာ သူတို့စုံတွဲက ခရစ္စမတ်ရာသီအားလပ်ရက်ကို ဆင်နွှဲဖို့ ခရစ္စမတ်မီးပေါင်း ၇၂၀၀၀၀ ကျော်အလှဆင်ပြသခဲ့ပြီး အားလုံးကို တေးသီချင်းတွေနဲ့ ချိတ်ဆက်ဖန်တီးခဲ့ပါတယ်။ ခရစ္စမတ်မီးတွေအလှဆင်ပုံဖော်ရတာက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ သူတို့မိသားစုက မီးအလှဆင်ဖို့အတွက် အချိန် ၃ လလောက်ယူခဲ့ရပါတယ်။ မီးတစ်ခုစီတဖျပ်ဖျပ်လင်းရင် တေးသီချင်းသံတွေပါထွက်ဖို့ ကွန်ပျူတာပရိုဂရမ်တစ်ခုကတဆင့် တေးသီချင်းကို ချိတ်ဆက်ခဲ့ပါတယ်။ မီးအလင်းရောင်ကို ထိန်းချုပ်တဲ့ ဆော့ဖ်ဝဲလ်ပါတဲ့ ကွန်ပျူတာရှိတယ်လို့ ဂရေးက ဆိုပါတယ်။

နှစ်တိုင်း သူတို့ရဲ့ခရစ္စမတ်မီးအလှဆင်မှုကို ကြည့်ရှုဖို့ လူပေါင်း ၅၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ လာရောက်လည်ပတ်ကြပါတယ်။ လူပေါင်းထောင်ချီလာရောက်တာကြောင့် ယာဉ်ကြောပိတ်ဆို့တာနဲ့ပတ်သက်ပြီး မြို့ခံတချို့ကတော့ မကျေမနပ်ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဂရေးတို့က ခရစ္စမတ်မီးအလှဆင်ပြသမှုက‌နေ ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပရဟိတအတွက် လာရောက်လည်ပတ်သူတွေထံကနေ အလှူငွေ ဒေါ်လာ ၆၆၅၀၀၀ စုဆောင်းမိခဲ့ပါတယ်။ ဒီငွေတော်တော်များများက ကလေးအဖွဲ့အစည်းတွေဆီရောက်ပါတယ်။

Ref: Over 50,000 people flood New York town for world-record Christmas light display

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top