ဧရာမတီကောင်ကြီးကို အိမ်နောက်ဖေးမှာတွေ့ခဲ့ရတဲ့ ၉ နှစ်သားလေး

5-9-2022-yyl-04.jpg

စာဖတ်ပရိသတ်တွေဆိုရင် ပုံမှန်အရွယ်အစားလောက် တီကောင်ကိုပဲ မြင်ဖူးတွေ့ဖူးကြမယ်ထင်ပါတယ်။ အဲဒီအရွယ်အစားလောက်ပဲမြင်ရတာတောင် တချို့က ကြောက်ကြတယ်။ တချို့က ရွံ့ရှာကြတယ်။ ခရစ်ချပ်ချ်မြို့က ၉ နှစ်သားလေးလို တစ်မီတာလောက်ရှိတဲ့ ဧရာမတီကောင်ကြီးကို တွေ့ခဲ့ရရင် ဘယ်လိုများဖြစ်ကြမလဲ။

ဘာနာဘီ ဒိုမီဂန်ဆိုတဲ့ အဲဒီကလေးလေးက သူ့အိမ်နောက်ဖေးက ရေအနည်းငယ်ပဲရှိတဲ့ မြစ်ကြမ်းပြင်မှာ ဧရာမတီကောင်ကြီးကို တွေ့ခဲ့ရတာပါ။ အရွယ်အစားမတူပေမဲ့ တီကောင်ပုံစံမျိုးရှိတဲ့အတွက် ဘာနာဘီက တီကောင်ဖြစ်ရမယ်လို့ တွေးခဲ့တာပါ။ တီကောင်က ကျိချွဲချွဲကြီးဖြစ်ပြီး ဘတ်တီးရီးယားတွေရှိနိုင်တာကြောင့် အဲဒါကို လက်နဲ့မကိုင်ခဲ့ပါဘူး။ တုတ်ကလေးနဲ့ပဲ ထိခဲ့ပါတယ်။

ဘာနာဘီက သူ့အဖေကို ပလတ်စတစ်အိတ်ထဲ ထည့်သိမ်းထားဖို့ ပြောပေမဲ့ လက်မခံခဲ့ပါဘူး။ အိမ်ထဲမှာ အဲဒီလို ဧရာမတီကောင်ကြီးကို မထားချင်ခဲ့လို့ပါပဲ။ ဘာနာဘီက သူ့အဖေလို လူကြီးသာဖြစ်မယ်ဆိုရင် သိမ်းထားမိမယ်လို့ ဆိုပါတယ်။ သူက တီကောင်ကို Dead Fred လို့ နာမည်တောင်ပေးထားပါတယ်။ ဒါကို အံ့အားသင့်စရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုအဖြစ် မှတ်ယူခဲ့ပါတယ်။

ဘာနာဘီက တီကောင်ကို တွေ့တော့ စိတ်လှုပ်ရှားပြီး ဗီဒီယိုမရိုက်မိခဲ့ဘူး။ ဓာတ်ပုံတော့ ရိုက်ဖြစ်ခဲ့ပါတယ်။ သူ့အမေက ဓာတ်ပုံကိုမြင်တာနဲ့ တီကောင်က အရမ်းကြီးတာကြောင့် မယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ရပါတယ်။

တီကောင်ကို တွေ့တဲ့နေရာမှာပဲ ထားခဲ့တာပါ။ နောက်တစ်နေ့ ဘာနာဘီ သွားကြည့်တော့ မရှိတော့ပါဘူး။

Ref: Christchurch boy finds giant earthworm in backyard

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top