ကလေး (၄) ယောက်က 4×4 ကားကို ခိုးပြီး မိုင် (၅၀၀) ကျော် ခရီးနှင်

66866076_2486969818000590_2492970542412333056_n.jpg

ကလေး (၄) ယောက်က 4×4 ကားကို ခိုး၊ ငါးမျှားတံတွေ၊ ပိုက်ဆံတွေယူပြီး သြစတြေးလျနိုင်ငံတစ်ဝန်းမှာ မိုင် ၅၆၀ ကျော် အကွာအဝေး ခရီးနှင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် (၁၀) နှစ်နဲ့ (၁၄) နှစ်ကြားအရွယ်ရှိတဲ့ ယောကျ်ားလေး (၃) ယောက်၊ မိန်းကလေးတစ်ယောက်ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးဆောက်ဝေးပြည်နယ် ဂရက်ဖ်တန်မြို့မှာ ပြန်တွေ့ခဲ့တာပါ။

သူတို့ (၄) ယောက်ဟာ ပြီးခဲ့တဲ့အားလပ်ရက်အစောပိုင်းက ကွင်းစ်လန်းပြည်နယ် ဂရေ့စ်မားမြို့ကနေ ကားနဲ့ ထွက်ခွာလာခဲ့တာပါ။ သူတို့ (၄) ယောက်ဟာ မိသားစုတစ်စုထဲက မဟုတ်ပါဘူး။ ကောင်လေးတစ်ယောက်က သူထွက်သွားပြီဆိုတဲ့အကြောင်း စာရေးထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ သူတို့ခိုးယူမောင်းနှင်ခဲ့တဲ့ကားကတော့ သူတို့အထဲက တစ်ယောက်ယောက်ရဲ့ မိသားစုပိုင်ဆိုင်တဲ့ကားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ကီလီုမီတာ (၁၄၀) အထိ ခရီးပေါက်ချိန်မှာ သူတို့အဖွဲ့က ဘနားနားမြို့ ဓာတ်ဆီဆိုင်မှာ ကားရပ်ပြီး ဓာတ်ဆီခိုးထည့်ခဲ့ပါတယ်။

အဲဒီနေ့ နှောင်းပိုင်းမှာ ရဲတပ်ဖွဲ့က သူတို့ကားကို ဂလန်းအင်းမြို့မှာ တွေ့ရှိခဲ့ပြီး နောက်ကလိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကားမောင်းနေသူရဲ့ အသက်အရွယ်အရ အန ္တရာယ်ဖြစ်နိုင်တဲ့အတွက် နောက်ကလိုက်မဖမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဂရက်ဖ်တန်မြို့ လမ်းဘေးတစ်နေရာမှာ ဒီကားကို တွေ့ခဲ့ပါတယ်။ ရဲအရာရှိတွေက ကားမှန်ကို တုတ်နဲ့ရိုက်ခွဲပြီး ကားထဲက ကလေးတွေကို ခေါ်ဆောင်လာခဲ့တာပါ။ ဒီဖြစ်ရပ်အတွက် စွဲချက်တင်မယ်လို့ ရဲတပ်ဖွဲ့က ပြောထားပေမဲ့ ဘယ်သူ့ကို စွဲချက်တင်မလဲဆိုတာတော့ ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။ သြစတြေးလျနိုင်ငံ ကွင်းစ်လန်းနဲ့ နယူးဆောက်ဝေးပြည်နယ်တွေမှာ အသက် (၁၇) နဲ့အထက် အရွယ်ရှိသူတွေကိုပဲယာဉ်မောင်းလိုင်စင်ဖြေခွင့်ပေးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top